အပိုင်း ၃၆၀ : တစ်စုံတစ်ယောက်က သူလျှိုထည့်ထားခြင်း

416 47 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၀ : အပိုင်း ၁၀

အပိုင်း ၃၆၀ : တစ်စုံတစ်ယောက်က သူလျှိုထည့်ထားခြင်း

လင်းဖုန်း၏ ခန္ဓာကိုယ် အတွင်းမှ အလင်းတန်း တစ်တန်းပြီးမှ တစ်တန်းတို့သည် ထွက်ပေါ်လာကြ၍၊ စာကြည့်တိုက် အတွင်းမှ စာအုပ်စင်များ အပေါ်တွင် ကျလာခဲ့ပြီး၊ ထွန်းလင်းတောက်ပသော တာအိုနည်းစနစ်များ၊ မှော်ကျိန်စာများ အဖြစ်သို့ အသွင်သဏ္ဌာန် ပြောင်းသွားခဲ့သည်။

လင်းဖုန်း၏ မှော်စွမ်းအင် အစွမ်းတန်ခိုးများ အောက်တွင် သင်္ကေတများ၊ စာလုံးများသည် လင်းလက်စွာနှင့် ကခုန်နေကြပြီး၊ ကျမ်းစာများအဖြစ် ရုပ်လုံး အကောင်အထည် ပေါ်လာခဲ့သည်။

ရုပ်လုံးပေါ်နှုန်းမှာ အထူးမမြန်လှသော်လည်း၊ ကျမ်းစာပေါင်း မြောက်မြားစွာကတပြိုင်နက်တည်း အကောင်အထည် ပေါ်နေကြခြင်း ဖြစ်သည်။

သူအရင်တစ်ခေါက်က ထည့်သွင်းထားသော အေကာလာ ပညာရပ်အပြင်၊ ဒီတစ်ခေါက်တွင် လင်းဖုန်းသည် သူအရင်က စုဆောင်းထားသော တာအိုနည်းစနစ်များ ဖြစ်ကြသည့်၊ ကောင်းကင်ကိုးလွှာ မိုးကြိုးနည်းစနစ်၊ ခိစတိဂါဘ သျှတ္တရ၊ ကောင်းကင်လေပြင်း တာအိုကျမ်းစာ၊ ကြယ်စင်ချိုးဖျက် ပညာရပ်၊ ငရဲကမ္ဘာ နိဗ္ဗာန် ကျမ်းစာ၊ မဟာတောင်တန်း ကျမ်းစာ၊ သဲနှုန်းလျှို့ဝှက် မှတ်တမ်း အစရှိသည်တို့ကို ထည့်သွင်းကာ သူ၏ စာကြည့်တိုက်အား တိုးပွားများပြားစေရန် လုပ်လိုက်သည်။

ထို့ပြင် အခြားမှော်ကျိန်စာများစွာကိုလည်း ထည့်သွင်းလိုက်သေးသည်။ ဝင်္ကပါ : ကောင်းကင်ကိုးလွှာ မိုးကြိုးဆင့်ခေါ်ချက်၊ သိုင်းကျမ်းများ : ထင်ရာစိုင်း ဓားပျံ၊ ပျောက်ကွယ်ခြင်း နည်းစနစ် : တိမ်လွှာနဂါး လွတ်မြောက်ခြင်း နည်းစနစ်၊ မှော်ကျိန်စာများ : ကောင်းကင်လှောင်အိမ် မှော်အင်းကွက်၊ အသေးအဖွဲ သံသရာ နည်းစနစ်… အစရှိသည်တို့ကိုလည်း လင်းဖုန်းသည် တိပိဋက ကျမ်းစာခန်းမဆောင်ထံသို့ ထည့်သွင်းလိုက်သည်။

တာအိုနည်းစနစ်များမှ ဆင်းသက်လာသော မှော်ကျိန်စာများ ဖြစ်ကြသည့် အမျက်ဒေါသ အေကာလာ မီးတောက်၊ ညက်ညောသော ခိစတိဂါဘ ခန္ဓာကိုယ်၊ ငရဲကမ္ဘာ ရုပ်သေးရုပ် ဖန်ဆင်းခြင်း နည်းစနစ်၊ ငရဲကမ္ဘာ နတ်လက်ချောင်း အစရှိသည်တို့သည် သက်သက်ဖန်ဆင်းရန်မလိုပဲ၊ မူလ တာအိုနည်းစနစ်ကို လေ့လာခြင်းအားဖြင့် ရရှိနိုင်မည် ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now