အပိုင်း ၃၇၃ - ၃၇၄

426 47 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၁ : အပိုင်း ၃

အပိုင်း ၃၇၃ : ကျွန်မက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်ကို မြင်ဖူးတယ်!

လင်းဖုန်းသည် ထွက်ပြေးနေချင်ခဲ့သော ယန်ရှုအား ကြည့်လိုက်ကာ ဖွဖွလေး ရယ်လိုက်ပြီး၊ သူ၏ ညာလက်အား မဟာကောင်းကင် နေမင်းလက်သီးအဖြစ် ဆုပ်လိုက်သည်။ သူ၏ လက်သီးမှနေ၍ မီးတောက်မီးလျှံများက တောက်ပလာခဲ့၍၊ တောက်ပလှသော နေမင်းတစ်စင်း အသွင်သို့ ပြောင်းလဲသွားခဲ့၏။ အလင်းတန်းများမှာ မျက်စိကျိန်းလောက်ပေသည်။

ခဏအကြာတွင် လင်းဖုန်းသည် သူ၏ လက်သီးဖြင့် လေဟာနယ် အတွင်းသို့ ထိုးချလိုက်သည်။ လေဟာနယ်သည် တွန့်လိမ်သွားခဲ့၍၊ ယန်ရှုသည် ကမ္ဘာနှစ်ခု၏ အကြားတွင် ပိတ်မိနေခဲ့၏။ သူသည် သွေးတစ်လုတ်အား အန်ထုတ်လိုက်ကာ၊ ဤကမ္ဘာအတွင်းသို့ ပြန်ရောက်လာခဲ့သည်။ သူသည် လင်းဖုန်းအား ကြောက်ရွံ့ထိတ်လန့်သော အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။

"သူရဲ့ စွမ်းအားတွေက အလွန်သန်မာရုံတင် မကပဲ၊ သူက အချိန်ကာလနဲ့ လေဟာနယ်တို့ရဲ့ လျှို့ဝှက်ချက်တွေကိုပါ နားလည်သဘောပေါက်ထားခဲ့တယ်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက လာတဲ့သူတွေတိုင်းက လူထူးလူဆန်းတွေချညးပဲလား"

ယန်ရှုသည် သူ၏ ပါးစပ်အား အကြီးကြီး ဟလိုက်ကာ၊ ကြေမွနေသော ရေခဲငရဲ အပိုင်းအစများကို အန်ထုတ်လိုက်သည်။ ပြီးတာနှင့် သူသည် သွေးများကို ဆက်တိုက်အန်ထုတ်နေခဲ့၏။ နောက်ဆုံးတွင်မူ သူသည် ရေခဲငရဲ တစ်ခုလုံးကို အန်ထုတ်ခဲ့လိုက်သည်။

တစ်ချိန်တည်းတွင် သူ၏ အခြေတည် ဝိညာဥ်သည် ပေါ်ထွက်လာခဲ့၍၊ အဆီအနှစ် အငွေ့အဖြစ်ဖြင့် ရေခဲငရဲတံခါးအပေါ်တွင် ကျရောက်သွားခဲ့သည်။ ထိုကဲ့သို့ အဆင့်များစွာဖြင့် ရေခဲငရဲသည် အသက်စွမ်းအင် အနည်းငယ်ကို ပြန်လည်ရရှိနိုင်ခဲ့သည်။

ဤမြင်ကွင်းသည် ကျွင်းကျိနင်၏ စိတ်အတွင်းတွင် ထာဝရ ခတ်နှိပ်ထားခဲ့ပြီးသား ဖြစ်သွားခဲ့ကာ၊ လင်းဖုန်း၏ စွမ်းအားများကို အံ့ဩတုန်လှုပ်နေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now