အပိုင်း ၅၆၅ - ၅၆၆ - ၅၆၇

334 35 0
                                    

စာစဥ် ၃၀ : အပိုင်း ၁၅

အပိုင်း ၅၆၅ : မင်းက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းတပည့်မဟုတ်ပဲ ဘာဖြစ်လို့ ထွက်လာတာလဲ

တင်းရန်ဖုန်းက လီယွမ်ဖန်းအား ကြည့်လိုက်ကာ လျစ်လျူရှုထားလိုက်သည်။ သူသည် လီယွမ်ဖန်း၏ စကားများကို မတုံ့ပြန်သည်အပြင် သူ၏ တည်ရှိနေမှုကို လုံးဝ အမှုမထားခဲ့ခြင်း ဖြစ်သည်။

သူသည် ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူတစ်ယောက် အနေနှင့် အခြေတည် ဝိညာဥ် အဆင့်မှ ကျင့်ကြံသူအား စိန်ခေါ်ရဲကာ ဟင်းလင်းပြင် ဘုရားကျောင်းမှ ဖြစ်ပြီး သန့်စင်သောယန် ခန္ဓာကိုယ်ဖြင့် မွေးဖွားလာသူလည်း ဖြစ်၏။ သူ၏ မွေးရာပါ အလားအလာသည် အလွန်မြင့်မားကာ သန့်စင်သောယန် တရားမျှတမှု နှလုံးသား ကျမ်းစာအား ကျင့်ကြံနိုင်သူလည်း ဖြစ်၏။

လီယွမ်ဖန်းသည် အခြေခံအုတ်မြစ် အဆင့်တွင်သာ ရှိသေးသည်ကို တင်းရန်ဖုန်းက အကြည့်တစ်ချက်နှင့်ပင် သိလိုက်၏။ သူသည် သူနှင့် အငြင်းမပွားချင်နေခဲ့ပေ။

ခြင်္သေ့တစ်ကောင်သည် ကျားများ၊ ကျားသစ်များ၊ ဝံပုလွေများ၏ ခက်ထန်သော အပြုအမူတို့အား တုံ့ပြန်မည် ဖြစ်သည်။ အကယ်၍ ယုန်တစ်ကောင်လာမည် ဆိုပါက သူက လက်သည်းများကို ဝှေ့ယမ်း၍ သတ်ပစ်ခဲ့မည် ဖြစ်သည်။ သို့သော်လည်း ပုရွက်ဆိတ်တစ်ကောင် တက်လာခဲ့ပါက ခြင်္သေ့သည် ဂရုပင်စိုက်မည် မဟုတ်ချေ။

ရှိနေသောသူများ အားလုံးတို့သည် လီယွမ်ဖန်းက အရမ်းကာရော ပြုလုပ်ခဲ့သည်ဟု ထင်နေကြသည်။

အကယ်၍ သူသည် လင်းဖုန်း၏ လက်ရင်းတပည့် ဖြစ်နေပါက အားလုံးတို့သည် သူက သူ၏ အခြေခံအုတ်မြစ် အဆင့်မှ ကျင့်ကြံမှုဖြင့် ရွှေရောင်ဗဟိုချက် အဆင့်မှ တင်းရန်ဖုန်းအား စိန်ခေါ်နိုင်မည်ဟု လက်ခံနိုင်မည် ဖြစ်သည်။

အထူးသဖြင့် သူ၏ပြိုင်ဘက်သည် သာမန် ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။ သူသည် နတ်ဘုရား နယ်မြေ၏ ထိပ်ဆုံးဂိုဏ်းမှ ဖြစ်၍ သူကိုယ်တိုင်ကလည်း ပါရမီများ၊ စွမ်းရည်များနှင့် ပြည့်စုံနေ၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now