စာစဥ် ၃၂ : အပိုင်း ၇
အပိုင်း ၅၉၇ : နတ်ရေကန်ဂိုဏ်း၏နေ့များအား ရေတွက်၍ရသည်
လင်းဖုန်းသည် သူ၏လက်ချောင်းများဖြင့် ညွှန်ပြလိုက်ရာ ထိုက်ကျိစစ်သည် တစ်အုပ်စုတို့သည် အသက်ဖန်ဆင်းခြင်း တံခါးအတွင်းသို့ ပြန်ဝင်သွားကြသည်။ အသက်ဖန်ဆင်းခြင်း တံခါးသည် အနည်းငယ် တုန်ခါသွားခဲ့ကာ ကြမ္မာပန်းတိုင် ခေါင်းလောင်းအသွင်သို့ ပြန်ပြောင်းသွားခဲ့သည်။
ကြမ္မာပန်းတိုင် ခေါင်းလောင်းသည် လင်းဖုန်းထံသို့ ပြန်လည်ပျံသန်းလာခဲ့ကာ အဖြူရောင် အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းသွား၍ သူ၏ ခေါင်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
သူတို့အား ပိတ်ဆို့ထားကြသည့် ထိုက်ကျိစစ်သည်များ မရှိကြသော်လည်း ချောင်ဝေနှင့် ကျန်သောသူများသည် အလောတကြီး ဘာမှမလုပ်ရဲကြချေ။ သူတို့သည် ထွက်ပြေးလွတ်မြောက်ရန် ကြံစည်နေခဲ့ကြသော်လည်း လင်းဖုန်း၏ သဘာဝလွန် အသိစိတ်သည် သူတို့အပေါ်တွင် ကျရောက်နေခဲ့သည်။
ချောင်ဝေနှင့် ရေခဲမီးတောက် အကြီးအကဲ နှစ်ယောက်တို့သည် ဝင်ရိုးစွန်းနှစ်ဘက် ကောင်းကင်တောင်တန်းထံမှ ထွက်ခွာလာခဲ့ကြသည်။ သူတို့သည် လင်းဖုန်းအား အလွန်လေးနက်သော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
မီးလျှံ အကြီးအကဲ၏ မျက်နှာသည် စိမ်းနေခဲ့ကာ သူ၏ခန္ဓာကိုယ်မှ မီးတောက်များက တောက်လောက်နေခဲ့သည်။ ရေခဲအကြီးအကဲမှာမူ သက်ပြင်းအနည်းငယ် ချလိုက်၍ သူ၏ခေါင်းကို ငုံ့ထားခဲ့ကာ အဆက်မပြတ် ခါယမ်းနေခဲ့၏။
ချောင်ဝေမှာမူ အတန်ငယ် တည်ငြိမ်နေခဲ့ကာ လင်းဖုန်းအား ထူးခြားသော အကြည့်တစ်ခုဖြင့် ကြည့်နေခဲ့သည်။
လင်းဖုန်းကသာ ဤမျှစွမ်းအားကြီးမှန်း သိခဲ့လျှင် သူသည် ရှီထျန်းဟောင်ထံမှ ဗလာနတ္တိ အစိမ်းရောင် ဆေးမီးဖိုအား ရယူရန် ကြံစည်မည်မဟုတ်ဟု သူကကျိန်ဆိုရဲသည်။
သူသည် လင်းဖုန်း၏ ကျင့်ကြံမှု အဆင့်အတန်းကို မသိနိုင်ခဲ့သော်လည်း ချောင်ဝေသည် အချိန်ကြာမြင့်စွာ လေ့လာအကဲခတ်ခဲ့ပြီး ဖြစ်သည်။

ВЫ ЧИТАЕТЕ
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Unicode
Приключения✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...