အပိုင်း ၄၈၁ - ၄၈၂ - ၄၈၃

403 41 0
                                    

စာစဥ် ၂၆ : အပိုင်း ၁၁

အပိုင်း ၄၈၁ : စူတောင် သို့မဟုတ် ဓားတို့၏ နယ်မြေ

တိမ်တိုက်တောအုပ် ကမ္ဘာအတွင်းမှ အဖြစ်ဆိုးကြောင့်၊ ကွမ်းချုံ ဓားမာစတာ၏ အသက်စွမ်းအင်များမှာ ပြန်လည် မသန်စွမ်းလာသေးပေ။ ထိုကြောင့် သူသည် အခြား ဓားမာစတာများအတွက် ခံတပ်ကိုသာ ထိန်းထားပေးခဲ့သည်။

သို့သော်လည်း သူသည် မည်သို့ပင် သိုသိပ်စွာ နေခဲ့စေကာမူ၊ သူသည် စင်စင် ဖြစ်တည်မှုကို ကျင့်ကြံထားပြီးသည့် မဟာ ဓားကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူသည် ဒီအတိုင်း ရပ်နေသော်လည်း ကြောက်မက်ဖွယ်ရာ စွမ်းအားများကို ထုတ်လွှတ်နေ၍၊ ကျန်သောသူများကို သတိကြီးစွာ ထားစေခဲ့သည်။

ဤတစ်ခေါက်တွင် မဟာချင် အင်ပါယာမှ ဤစည်းဝေးပွဲကို စီစဥ်ကျင်းပခြင်း ဖြစ်သည်။ သူတို့သည် ပါးစပ်မှ ထုတ်ပြောခြင်း မရှိသော်လည်း၊ စူတောင်ဓားဂိုဏ်းအား ပစ်မှတ်ထားသည်မှာ သိသာနေ၏။ သူတို့သည် ကောင်းကင်ကိုးလွှာ ဓားမဟာမိတ် အဖွဲ့မှ စူတောင်အား ပြဿနာရှာချင်နေခြင်း ဖြစ်သည်။ စူတောင်ဓားဂိုဏ်း အနေနှင့် ဤသတင်းကို ကြားခဲ့ရအပြီးတွင်၊ သူတို့သည် ထိုင်ပြီးမှ စောင့်ကြည့်မနေနိုင်ခဲ့ပေ။

ထို့ကြောင့်ပင် စင်စင် ဖြစ်တည်မှုကို ကျင့်ကြံပြီးသော ဓားမာစတာ လေးယောက်တို့ လာရောက်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့အပြင် အင်မော်တယ်ဝိညာဥ် ပထမ အဆင့်မှ တောင်ဖြို ဓားမာစတာ နင်းလန်လည်း ပါလာခဲ့သည်။

စူတောင်ဓားဂိုဏ်းသည် ယခုအကြိမ်တွင် သူတို့၏ ဩဇာအာဏာကို ပြသရန် ဆုံးဖြတ်ထားကြသည်။ စူတောင်အား ကိုယ်စားပြု၍ လာကြသူများသည်၊ ဤစည်းဝေးပွဲကို လာကြသော အခြား ဓားကျင့်ကြံသူများထက် အစွမ်းထက်ကြသည်။

ကောင်းကင်မာစတာ ဓားမာစတာ၊ လျှပ်စီး ဓားမာစတာ၊ ကျယ်ပြန့်သောပင်လယ် ဓားမာစတာနှင့် မဟာချင် အင်ပါယာမှ အင်မော်တယ်ဝိညာဥ် ဒုတိယ အဆင့်မှ ကျင့်ကြံသူများ မပါလာသောကြောင့်၊ ဤစည်းဝေးပွဲသည် ကသိကအောက် မြင်ကွင်းကို ဖြစ်ပေါ်စေခဲ့သည်။ စူတောင်ဓားဂိုဏ်း၏ စွမ်းအားသည် အခြား အင်အားစုများ၏ မဟာမိတ်အဖွဲ့ကို လွှမ်းမိုးနိုင်ခဲ့၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now