အပိုင်း ၆၃၉ : ကျိုးပျက်သွားသော အံ့ဖွယ် ကောင်းကင်ကမ္ဘာ

315 43 0
                                    

စာစဥ ၃၄ : အပိုင်း ၉

အပိုင်း ၆၃၉ : ကျိုးပျက်သွားသော အံ့ဖွယ် ကောင်းကင်ကမ္ဘာ

ပြင်ပမှနေ၍ ကြည့်ရသော် တစ်ဘက်သားသည် လူပုံစံ ဖန်ဆင်းထားသော အနက်ရောင် ဓာတ်ငွေ့ဘောလုံး တစ်ခုနှင့် တူနေခဲ့သည်။ သူ၏ မှော်စွမ်းအင် တုန်ခါမှုမှာ အလွန်သန်မာ၍ သူ၏ အရွယ်အစားအား လေဟာနယ် အတွင်းတွင် ခန့်မှန်း၍ မရပေ။

သို့သော်လည်း ဝင်ရိုးစွန်းနှစ်ဘက် တောင်ထိပ်သည် ဝင်ရိုးစွန်းနှစ်ဘက် ကောင်းကင်တောင်တန်းကို ဆင့်ခေါ်၍ သူ့အား ရင်ဆိုင်ခဲ့ရာတွင် ထိုအနက်ရောင် ဓာတ်ငွေ့များဖြင့် ဖန်ဆင်းထားသော လူပုံစံသည် တောင်တန်း၏ အရွယ်အစားထက် များစွာပိုကြီးသည်ကို တွေ့လိုက်ရသည်။

ရန်သူသည် အနက်ရောင် အလင်းတန်းများကို ဆင့်ခေါ်လိုက်ကာ ဝင်ရိုးစွန်းနှစ်ဘက် ကောင်းကင်တောင်တန်းအား လှုပ်ရှားမှုမှ ဟန့်တားလိုက်ပြီး နောက်ထပ် ဖျက်ဆီးနိုင်သော အနက်ရောင် အလင်းတန်း တစ်တန်းအား အံ့ဖွယ် ကောင်းကင်ကမ္ဘာထံသို့ ထုတ်လွှတ်လိုက်သည်။

လင်းဖုန်း၏အမူအရာသည် မပြောင်းလဲခဲ့ပဲ သူသည် ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါအား ဆင့်ခေါ်လိုက်သည်။ အံ့ဖွယ် ကောင်းကင်ကမ္ဘာတစ်ခုလုံးသည် အလင်းတန်း အလွှာတစ်ခု၏ လွှမ်းခြုံမှုကို ခံနေရသကဲ့သို့ ဖြစ်နေခဲ့ကာ ပြင်ပမှ ကြောက်မက်ဖွယ်ရာ အနက်ရောင် အလင်းတန်းကို ကာကွယ်ပေးထားခဲ့သည်။

ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ၏ စွမ်းအားအောက်တွင် လေဟာနယ်မှ တဆင့် အံ့ဖွယ် ကောင်းကင်ကမ္ဘာသည် တွန့်လိမ်နေခဲ့ကာ သဲနာရီ တစ်ခုကဲ့သို့ အပိုင်းနှစ်ပိုင်း အဖြစ် ကွဲပြားသွားသကဲ့သို့ ဖြစ်နေခဲ့သည်။

လင်းဖုန်းက သူ၏ခေါင်းကို လှည့်လိုက်သည်။ "ရွှမ်းလီ"

သူမသည် သူ၏အနောက်မှ ငြိမ်သက်စွာ ထွက်လာခဲ့ကာ လေဟာနယ် အတွင်းသို့ ဝင်သွားခဲ့၍ နယ်နိမိတ် လမ်းကြောင်းမှတဆင့် အံ့ဖွယ် ကောင်းကင်ကမ္ဘာ၏ အပြင်ဘက်သို့ ထွက်သွားခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now