အပိုင်း ၃၅၆ : အောင်မြင်တိုးတက် ကြီးပွားလာကြခြင်း

409 44 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၀ : အပိုင်း ၆

အပိုင်း ၃၅၆ : အောင်မြင်တိုးတက် ကြီးပွားလာကြခြင်း

လင်းဖုန်းသည် တိပိဋက ကျမ်းစာခန်းမဆောင် အတွင်းမှ လှုပ်ရှားမှုများကို အာရုံခံလိုက်ခြင်းဖြင့်၊ တစ်စုံတစ်ယောက်သည် နားလည် သဘောပေါက်မှု အဆင့်နောက်တစ်ဆင့်သို့ တက်သွားနိုင်ပြီ ဖြစ်ကြောင်းကို သိနေခဲ့သည်။ ထိုသူသည် မဟာကောင်းကင် တာအိုကျမ်းစာ၏ အရေအတွက်သုံးခု အင်းရှစ်ကွက်အား အခြေခံကာ၊ သူ၏ ကိုယ်ပိုင်နားလည်မှုများကို ပေါင်းစည်း၍ မှော်ကျိန်စာ အသစ်တစ်ခုကို တီထွင်နိုင်ခဲ့ပြီ ဖြစ်သည်။

ဝမ်လင်းသည်လည်း ပျော်ရွှင်သော အမူအရာတစ်ခုကို ပြသခဲ့သည်။ "ကြည့်ရတာ ဒုတိယ စီနီယာနဲ့ တူတယ်" ယခင်ကလည်း ဇူရီသည် ဇူကျိ အရေအတွက်သုံးခု အင်းရှစ်ကွက် ကျမ်းစာအား တီထွင်ခဲ့သူ ဖြစ်သည်။ ဇူရီသည် သီအိုရီ ရှုထောင့်များ အပါအဝင်၊ တာအိုဝါဒအား နားလည်မှုတွင် ပို၍အားကောင်းသောသူ တစ်ယောက်ဖြစ်သည်။

ဆရာတပည့် နှစ်ယောက်သားတို့သည် ခန်းမအတွင်းသို့ ဝင်လိုက်သည်နှင့်၊ ခန်းမအလယ်တွင် ရှောင်ယန်၊ ဇူရီနှင့် ကျန်သောသူများသည် ကျောချင်းဆိုင်ကာ ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။ သူတို့သည် စာအုပ်စင်များကို မျက်နှာမူထားကြကာ စက်ဝိုင်းပုံစံအတိုင်း ထိုင်နေကြသည်။

သူတို့အားလုံး၏ အရှေ့မှ စာအုပ်စင်တွင် အကောင်အထည် အဖြစ်ကို စတင်ပြောင်းလဲနေသည့်၊ မှုန်ဝါးဝါး ကျမ်းစာပုံရိပ်လေး တစ်ခုစီအား တွေ့နိုင်ပေသည်။ သူသည် တကယ်ကျမ်းစာ တစ်စောင်အဖြစ် ရုပ်လုံးပေါ်လာရန်အတွက် အဆင့်တစ်ဆင့်သာ လိုတော့သည်။

သူတို့အားလုံး၏ အထဲတွင် ဇူရီ၏ တာအိုကျမ်းစာသည် ရုပ်လုံးပေါ်လာခဲ့ပြီ ဖြစ်၍၊ ရှေးဟောင်းကျမ်းစာ တစ်စောင်တစ်ခု၏ အသွင်သို့ ပြောင်းသွားခဲ့ကာ၊ စာအုပ်စင်ပေါ်တွင် ငြိမ်းချမ်းစွာနှင့် တင်နေခဲ့သည်။

လင်းဖုန်းနှင့် ဝမ်လင်းတို့၏ ရောက်လာမှုကို အာရုံခံမိလိုက်သဖြင့်၊ ဇူရီသည် သူ၏မျက်လုံးအစုံကို ဖွင့်လိုက်ကာ လင်းဖုန်းရှိရာဘက်သို့ ဦးညွှတ်လိုက်သည်။ "ဆရာ့ကို နှုတ်ခွန်းဆက်သပါတယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now