အပိုင်း ၃၉၇ - ၃၉၈

449 48 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၂ : အပိုင်း ၇

အပိုင်း ၃၉၇ : မဟာမိုးကြိုး ကျောင်းတော်ကြီး၏ အပျက်အစီးများ

တောင်တန်းကြီး၏ တောင်ထိပ်များ အကြားတွင်၊ ပြိုကျနေသော နံရံများ၊ ကျောက်ဆင်းရုပ်ထုများ၊ ကြေမွနေသော အုတ်တိုင်များ စသည်တို့သည် ဘုရားကျောင်း အတွင်းတွင် ပြန့်ကျဲလျှက် ရှိကြ၏။

အတိတ်မှ ကြီးကျယ်ခမ်းနားလှသော ဧရာမ သစ်သား တံတားများ၊ ထောက်တိုင်များသည်၊ ယခင်ကအတိုင်း မရှိကြတော့ပေ။ ယခု ကျန်နေခဲ့သော အရာများသည်၊ ဆွေးမြေ့နေကြသော သစ်သားပျဥ်ချပ်များသာ ဖြစ်ကြ၏။

တစ်ခါတုံးက ဗုဒ္ဓ ဆင်းတုတော်ပုံစံ ထွင်းထုထားသော တောင်ထွတ်တစ်ခု ရှိခဲ့၏။ သို့သော်လည်း ထိုရုပ်ပွားတော်၏ အထက်ပိုင်းသည် အဖျက်ဆီး ခံခဲ့ရပြီ ဖြစ်၍၊ ဗုဒ္ဓ၏ ခြေထောက်တော်သာ ကျန်ရှိနေခဲ့သည်။

အနည်းဆုံး ဆယ်ပေရှိသည့် ခြေထောက်အားကြည့်ကာ ခန့်မှန်းရလျှင်၊ ထိုဗုဒ္ဓ ဆင်းတုတော်၏ အရွယ်အစားသည် လွန်စွာ ကြီးမားလှမည်ဟု သိနိုင်၏။

ဒါသည် ကျင့်ကြံသူများ အတွက်ပင် ကြက်သီးထစရာ မြင်ကွင်းတစ်ခု ဖြစ်သည်။ သာမန်လူများဆိုလျှင် မတ်တတ်ပင် ရပ်နိုင်တော့မည် မဟုတ်ပေ။

အားလုံးတို့သည် ယခုအချိန်တွင် အပျက်အစီး အပုံကြီး အဖြစ်သာ ကျန်ခဲ့ပေသည်။

ထိုဧရာမ ဆင်းတုတော်ကြီးသည် နဂိုအတိုင်း ရှိသေးသော အချိန်ကာလတွင်၊ သူမှနေ၍ ကြီးကျယ်လှသည့် ဗုဒ္ဓ၏ သဘာဝနှင့် စွမ်းအားများကို ထုတ်လွှတ်နေမည်ဟု၊ လင်းဖုန်းက ယုံကြည်နေခဲ့သည်။

လင်းဖုန်းသည် မဟာမိုးကြိုး ကျောင်းတော်ကြီး၏ အပျက်အစီးများ အကြားတွင် မတ်တတ်ရပ်နေခဲ့ရင်း၊ ကျင့်ကြံမှု ကမ္ဘာကြီး၏ အဆက်မပြတ် ပြောင်းလဲတတ်သည့် သဘာဝနှင့် ရက်စက်မှုများ အကြောင်းကို၊ ဝမ်းနည်းစွာနှင့် တွေးနေခဲ့သည်။

သူသည် အတိတ်က ဟင်းလင်းပြင် ဘုရားကျောင်းနှင့် စူတောင်ဓားဂိုဏ်းတို့ကဲ့သို့ ဂုဏ်သိက္ခာ ကြီးမားခဲ့သည့်၊ ကျောင်းတော်ကြီး၏ အကြွင်းအကျန်များကို ကြည့်နေခဲ့ကာ သက်ပြင်းချလိုက်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now