အပိုင်း ၃၅၂ : ကောင်းကင် ကမ္ဘာဖျက်မီးတောက်

401 48 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၀ : အပိုင်း ၂

အပိုင်း ၃၅၂ : ကောင်းကင် ကမ္ဘာဖျက်မီးတောက်

လင်းဖုန်းသည် ရှောင်ပုတန်၏ အနောက်မှနေ၍ သူ၏ဂူအတွင်းသို့ လိုက်သွားခဲ့သည်။ ဂူအတွင်းတွင် လူနှစ်ယောက်တို့သည်၊ တစ်ယောက်ကိုတစ်ယောက် ကသိကအောက်ဖြစ်လှစွာနှင့် စိုက်ကြည့်နေကြသည်။

ပို၍တိကျစွာနှင့် ပြောရလျှင်၊ လူတစ်ယောက်နှင့် မိစ္ဆာတစ်ယောက်တို့ ဖြစ်ကြသည်။ တစ်ယောက်သည် အနက်နှင့် ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်ဖြစ်သည်။ သူသည် လင်းဖုန်း၏ တပည့်ကြီး ရှောင်ယန်ဖြစ်ကာ၊ ကျန်တစ်ယောက်သည် ဟူရန်ရန်ဖြစ်သည်။

"အာ? သူမက လူသားပုံစံကိုတောင် ဖန်ဆင်းနေနိုင်ပြီလား? သူမရဲ့ အကြွင်းမဲ့ မီးတောက်ကို ကျင့်ကြံနိုင်မှုဟာ၊ ငါထင်ထားတာထက် ပိုပြီးတော့ မြန်တာပဲ။ ကြည့်ရတာ သူမရဲ့ ကျင့်ကြံမှု ပါရမီက၊ ထိပ်တကာ့ထိပ်မှာ ရှိနေတာပဲ" ဒါသည် ဟူရန်ရန်အား တွေ့ပြီးနောက်တွင်၊ လင်းဖုန်း၏ ခေါင်းထဲသို့ ဝင်လာသည့် ပထမဆုံး အတွေးဖြစ်သည်။

သို့သော်လည်း ပြီးတာနှင့် သူသည် မြောင်ရှီးဟောင်နှင့် ထွမ်းထွမ်းတို့က အဘယ်ကြောင့် သူ့အား အထင်လွဲရသနည်း ဆိုသည်ကို သဘောပေါက်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဟူရန်ရန် ဖန်ဆင်းထားသည့် လူပုံစံမှာ မယုံနိုင်လောက်အောင် ချောမောလှပသောကြောင့် ဖြစ်သည်။

ရိုးသားစွာနှင့် ပြောရလျှင် လုံရဲ့၊ ယန့်မင်းရွဲ့နှင့် ရှောင်ယန်၏ ငယ်ချစ်ဦး ရှောင်ကျန်းအာတို့သည်၊ ပြင်ပပုံသဏ္ဌာန်အားဖြင့် သူမနှင့် ယှဥ်နိုင်သည်။ သို့သော်လည်း သူမတို့၏ အလှအပမှာ အနည်းငယ် ချုပ်တည်းနှောင်ဖွဲ့ထားမှုများရှိသည်။ မိစ္ဆာမယ် လုံရဲ့ပင် အပါအဝင် ဖြစ်သည်။

အခြားတစ်ဘက်တွင်မူ ဟူရန်ရန်သည် ရင်သပ်ရှုမောဖွယ် ကောင်းလှအောင် လှပလွန်း၏။ သူမအား ပထမဦးဆုံး တွေ့လိုက်သည်နှင့်ပင်၊ အသက်ရှူမှားသွားစေမည် ဖြစ်သည်။

သူမ၏ မျက်နှာတွင် မည်သည့် အပြစ်အနာအဆာမှ မရှိပဲ၊ ကျောက်စိမ်းရုပ်လေးအလား ချောမွေ့လွန်းနေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now