အပိုင်း ၄၇၈ - ၄၇၉ - ၄၈၀

408 44 0
                                    

စာစဥ် ၂၆ : အပိုင်း ၈

အပိုင်း ၄၇၈ : တိုင်းပြည်တစ်ခု၏ ကောင်းချီးမင်္ဂလာကို တည်ငြိမ်စေနိုင်သော မှော်ရတနာ

အလင်းဓားမြန် ဓားမာစတာသည် ယခင်ကအတိုင်းပင် ဖြစ်သည်။ သူ၏ နက်မှောင်လှသော ဆံပင်များနှင့် ဆွဲဆောင်မှု ရှိနေသည်။ သူသည် အသက်၄၀ ပတ်ဝန်းကျင်ဟုပင် ထင်နေရ၏။ သူ၏ဦးခေါင်း တစ်ဘက်တစ်ချက်မှ ဆွတ်ဆွတ်ဖြူနေသော ဆံနွယ်နှစ်စတို့သည် ကျဆင်းလျှက်ရှိသည်။ သူ၏ မျက်လုံးများမှနေ၍ ခမ်းနားထည်ဝါသော အော်ရာများကို ထုတ်လွှတ်နေ၏။

သူသည် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေခဲ့၏။ လင်းဖုန်းသာ သူ့အား အာရုံမိစိုက်ခဲ့သည် မဟုတ်ပဲ၊ ကျန်သောသူများသည်လည်း အနည်းငယ် အံ့အားသင့်နေခဲ့သည်။

အကယ်၍ အလင်းဓားမြန် ဓားမာစတာသည် ဟွမ်ဟိုင် စိတ်ဝိညာဥ် အစည်းအဝေးသို့ ဖိတ်ခေါ်သည်ကို လက်ခံခဲ့လျှင်၊ ဒါက သာမန်ကိစ္စသာ ဖြစ်သည်။ သို့သော်လည်း စူတောင်ဓားဂိုဏ်းအား ဆန့်ကျင်သည့်၊ ဤစည်းဝေးပွဲသို့ ရောက်ရှိလာခြင်းသည် အံ့ဩဖွယ်ရာ ကိစ္စတစ်ခု ဖြစ်သည်။ သူ၏ ပေါ်လာရခြင်း အကြောင်းရင်းကို လူပေါင်းများစွာက သုံးသပ်နေကြသည်။

အလင်းဓားမြန် ဓားမာစတာသည် ပုံမှန်သာ ပြုမူခဲ့၏။ သူသည် အခြားသူများနှင့် ဆက်ဆံရာတွင် ယခင်ကဲ့သို့ပင် တည်ငြိမ်လျှက် ရှိသည်။

အလင်းဓားမြန် ဓားမာစတာ၏ တက်ရောက်မှုနှင့် ယှဥ်လိုက်လျှင်၊ ကြယ်စင် ဓားမာစတာ၏ တက်ရောက်မှုသည် သိပ်ပြီး အာရုံစိုက်မှုကို မခံရချေ။

ကောင်းကင်ကိုးလွှာ ဓားမဟာမိတ်အဖွဲ့အတွင်းတွင်၊ ကြယ်စင်ဓားဂိုဏ်းနှင့် မဟာ လွင်တီးခေါင် ဓားဂိုဏ်းတို့သည် ဆန့်ကျင်ဘက်များဖြစ်ကြသည်။ သူတို့သည် သီးသန့်နေထိုင်ကြသူများလည်း ဖြစ်ကြ၏။ သူတို့သည် စူတောင်ဓားဂိုဏ်း အပေါ်တွင် သိပ်မမှီခိုသလို၊ အခြား မဟာမိတ် အဖွဲ့ဝင်များနှင့်လည်း သိပ်မနီးစပ်ကြပေ။

သို့သော်လည်း ကြယ်စင်ဓားဂိုဏ်း၏ တည်နေရာသည်၊ အတိတ်က မဟာချင် အင်ပါယာ၏ နယ်နိမိတ် အတွင်းတွင် မရှိခဲ့ပေ။ ပြောင်းလဲမှု ကြီးကြီးမားမား တစ်ခုဖြစ်ပြီးနောက်တွင်၊ သူတို့သည် နောက်ဆုံးတွင် မဟာချင် အင်ပါယာ၏ နယ်နိမိတ် အတွင်းသို့ ရောက်လာကြသည်။ အတိုင်းအတာ တစ်ခုအနေနှင့် သူတို့သည် မဟာချင် အင်ပါယာအား အကြွေးတစ်ခု တင်နေပေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now