အပိုင်း ၄၇၅ - ၄၇၆ - ၄၇၇

427 42 0
                                    

စာစဥ် ၂၆ : အပိုင်း ၅

အပိုင်း ၄၇၅ : ဒီကနေ့ပဲ ဖြစ်တယ်!

လင်းဖုန်းသည် တိမ်တိုက်တောအုပ် သစ်ပင် တစ်ပင်လုံး၏ အဆီအနှစ်များ အားလုံးကို မျိုချလိုက်၏။  လင်းဖုန်း၏ အခြေတည်ဝိညာဥ်နှင့် စကြာဝဠာ ပုံသဏ္ဌာန်တို့သည် စိတ်ဝိညာဥ် စွမ်းအားများနှင့် ချက်ချင်း ပြည့်သွားခဲ့သည်။

တိမ်တိုက်တောအုပ် သစ်ပင်သည် မဟာ စိတ်ဝိညာဥ် သစ်ပင်လေးပင်ထက် စိတ်ဝိညာဥ်စွမ်းအင် အနည်းငယ်သာ နိမ့်ကျခြင်း ဖြစ်သည်။ ဤစိတ်ဝိညာဥ် သစ်ပင်သည် နှစ်ပေါင်း ၁၀,၀၀၀ အထက်တွင် ရှိနိုင်ပြီး၊ အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲ တစ်ယောက်ပင် စုပ်ယူရန် မလွယ်ကူသော စိတ်ဝိညာဥ် စွမ်းအင်များ ပါရှိနေသည်။

ထိုကဲ့သို့သော စိတ်ဝိညာဥ် စွမ်းအင် အမြောက်အမြား ဝင်ရောက်လာမှုကြောင့်၊ လင်းဖုန်း၏ အခြေတည်ဝိညာဥ်သည် မတည်မငြိမ် ဖြစ်လာခဲ့သည်။

ထိုအချိန်တွင် ခြေလက်ရှစ်ချောင်း စကြာဝဠာ ပုံသဏ္ဌာန်သည် မှော်စွမ်းအင် လက်ဝါးများကို ဖော်ဆောင်လိုက်သည်။ ခြေလက်နှစ်ချောင်းစီသည် မှော်စွမ်းအင် လက်ဝါးတစ်ခုကို ဖန်တီးလိုက်၏။

"အသွင်သဏ္ဌာန်လေးမျိုး ကောင်းကင်ခွဲခြမ်း ကျမ်းစာ၊ ကောင်းကင်သယ်ဆောင် လက်ဝါး!"

ကောင်းကင်သယ်ဆောင် လက်ဝါးတို့သည် ပေါ်ပေါက်လာကြကာ၊ ဖိနှိပ်ထားနိုင်သော စွမ်းအား သဘောတရားတို့က ကျယ်ပြန့်လာခဲ့၍ လင်းဖုန်း၏ အခြေတည်ဝိညာဥ်အား တည်ငြိမ်အောင် လုပ်ပေးလိုက်ကြသည်။

လင်းဖုန်း၏ အခြေတည်ဝိညာဥ်သည် တည်ငြိမ်လာသည်နှင့် တပြိုင်နက်၊ သူသည်လည်း ကောင်းကင်သယ်ဆောင် လက်ဝါးကို ဖော်ထုတ်လိုက်၏။ တင်ပုလ္လင်ခွေ ထိုင်နေရင်းနှင့် သူသည် တိမ်တိုက်တောအုပ် သစ်ပင်၏ အဆီအနှစ်များကို စုပ်ယူကာ ကျင့်ကြံနေခဲ့သည်။

ကျင့်ကြံမှု ဖြစ်စဥ် အတွင်းတွင် အချိန်မည်မျှ ကုန်သွားသည်ကို မသိပဲ၊ အချိန်နှင့်အမျှ လင်းဖုန်း၏ အခြေတည်ဝိညာဥ်သည် ပို၍ပို၍ ကြီးထွားသန်မာလာခဲ့သည်။ ၁၁နှစ်၊ ၁၂နှစ် အရွယ်မှ သူသည် ၁၅နှစ်၊ ၁၆နှစ် အရွယ်သို့ ရောက်လာခဲ့၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now