အပိုင်း ၃၄၈ : အံ့ဖွယ်ကောင်းသော တိုးတက်မှု

432 47 0
                                    

အပိုင်း ၃၄၈ : အံ့ဖွယ်ကောင်းသော တိုးတက်မှု

"မင်းရဲ့ စိတ်ဝိညာဉ်တာဝါ ထူထောင်တဲ့ နေရာမှာ ကျရှုံးသွားတဲ့ အချိန်ကတည်းက၊ ငါက ဘယ်လိုလုပ်ရမလဲ စဉ်းစားနေခဲ့တာ" လင်းဖုန်းက ပြောလိုက်သည်။ "ဒီစိတ်ဝိညာဉ် အားဖြည့်ဆေးလုံးက ကျင့်ကြံသူ တစ်ယောက်ရဲ့ အရိုးအရင်းမြစ်နဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေကို တိုးတက်စေနိုင်တဲ့အတွက်၊ မင်းနဲ့အထူးသင့်လျှော်တယ်"

ဝမ်လင်း၏ မျက်လုံးအစုံမှာ တောက်ပလာခဲ့၍၊ ဆေးလုံးပါရှိသော ကြွေပုလင်းလေးအား လှမ်းယူလိုက်သည်။ သူ၏ အရိုးအရင်းမြစ်မှာ အားနည်းလွန်းလှ၍၊ သူ၏ကျင့်ကြံမှု ခရီးလမ်းမှာ ကြမ်းတမ်းခက်ခဲ့လှ၏။

တူညီသော ကျင့်ကြံမှု အချိန်တွင် သူစုပ်ယူနိုင်သော စိတ်ဝိညာဉ် စွမ်းအင်မှာ၊ သာမန်လူ တစ်ယောက်ထက် အလွန်အမင်းကို နည်းပါးလှသည်။ အရိုးအရင်းမြစ် မယုံနိုင်လောက်အောင် မြင့်မားသော၊ ရှောင်ပုတန်နှင့် ယန်ချင်တို့နှင့် ယှဉ်လိုက်လျှင် ဆိုဖွယ်ရာ မရှိတော့ပေ။

ရှောင်ပုတန်လေး၏ စိတ်ဝိညာဉ်စွမ်းအင် တစ်ချက်ရှူရှိုက်စာသည်၊ ဝမ်လင်း၏ နေ့တစ်ဝက် ကျင့်ကြံမှုနှင့် ညီမျှသည်။ ဤမျှခြားနားလှသော ကွာဟမှုကို၊ ကြိုးစားမှု တစ်ခုတည်းနှင့် နီးကပ်လာအောင် လုပ်နိုင်မည် မဟုတ်ချေ။

သူက စိတ်လှုပ်ရှားနေဆဲမှာပင် ဝမ်လင်း၏ မျက်နှာ အမူအရာမှာ ပြောင်းသွားပြီး၊ ခေါင်းကိုမော့ကာ လင်းဖုန်းထံ ကြည့်လိုက်သည်။ ပြီးနောက် ချီတုံချတုံ ဖြစ်စွာနှင့် မေးလိုက်သည်။ "ဆရာ၊ ကျန်တဲ့တပည့်တွေ.."

လင်းဖုန်းက နူးညံ့စွာ ပြုံးလိုက်သည်။ "ကိစ္စမရှိဘူး။ ငါက ဒီဆေးလုံးရဲ့ ဖော်စပ်နည်းကို ရရှိထားပြီး၊ လိုအပ်တဲ့ ဆေးအမယ်တွေကိုလည်း စုဆောင်းထားပြီးပြီ"

စိတ်ဝိညာဉ် အားဖြည့်ဆေးပင်နှင့် အခြားဆေးအမယ်များနှင့်ဆိုလျှင်၊ လင်းဖုန်းသည် စိတ်ဝိညာဉ် အားဖြည့်ဆေးလုံးအား အရေအတွက် အမြောက်အမြား ထုတ်လုပ်နိုင်တော့မည် ဖြစ်သည်။

သူသည် အချိန်အနည်းငယ်မှ ငြိမ်သွားခဲ့ကာ ပြုံးလိုက်သည်။ "ငါက တစ်ယောက်ရဲ့ အရိုးအရင်းမြစ်ကို တိုးတက်နိုင်စေတယ်လို့ ပြောတဲ့အချိန်မှာ၊ အခြေခံ အားနည်းတဲ့သူတွေကို ရည်ရွယ်ပြီးပြောတာ။ အကျိုးသက်ရောက်မှုက အဲ့ဒါမှပဲ သိသာမှာ။ တကယ်လို့များ မင်းရဲ့ ဂျူနီယာလေးနဲ့ နံပါတ်ငါး ဂျူနီယာတို့ကို တိုက်လိုက်မယ်ဆိုရင်၊ ဘာမှသိသာမှာ မဟုတ်ဘူး"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now