အပိုင်း ၆၀၀ : စနစ်ကြီးက ထပ်မံချောက်ချခြင်း

394 42 0
                                    

စာစဥ် ၃၂ : အပိုင်း ၁၀

အပိုင်း ၆၀၀ : စနစ်ကြီးက ထပ်မံချောက်ချခြင်း

လူသားကျင့်ကြံမှုကမ္ဘာ အတွင်းတွင်တွင် ကျင့်ကြံသူ တစ်ယောက်က နှစ်ပေါင်းတစ်ရာ အတွင်းတွင် အခြေတည်ဝိညာဥ်အား ဖော်ဆောင်နိုင်လျှင် ထူးချွန်ထက်မြက်သော ပါရမီရှင် တစ်ယောက်ဖြစ်၍ အလွန်တောက်ပသော အနာဂတ် ရှိနိုင်သည်ဟု သတ်မှတ်ထားကြခြင်း ဖြစ်သည်။

ကောင်းကင်ကိုးလွှာ ဓားမဟာမိတ် အဖွဲ့တွင် ထောင်ရောင်ရောင်သည် အဘယ်ကြောင့် ထင်ပေါ်ကျော်ကြား၍ အထင်ကြီးခြင်းအား ခံခဲ့ရပါသနည်း။ အဘယ်ကြောင့်ဆိုသော် သူမသည် ရွှေရောင်ဗဟိုချက် အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိ၍ အခြေတည်ဝိညာဥ်အား ဖန်ဆင်းတော့မည့် အချိန်တွင် အသက်တစ်ရာပြည့်ရန်ပင် အချိန်အနည်းငယ် လိုနေခြင်းကြောင်း ဖြစ်သည်။

ထိုအဖြစ်အပျက်သာ မဖြစ်ပျက်ခဲ့လျှင် ထောင်ရောင်ရောင်သည် အခြေတည်ဝိညာဥ် အဆင့်အား နှစ်ပေါင်းတစ်ရာအတွင်းတွင် ရောက်ရှိနိုင်မည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

အလားတူပင် အဘယ်ကြောင့် ရှီချုံးယွမ်သည် ပါရမီသာရှိ၍ ကျင့်ဝတ်သိက္ခာမရှိဟု သတ်မှတ်ခြင်းအား ခံခဲ့ရပါသနည်း။ လူတွေသည် သူ့အား ကျင့်ဝတ်သိက္ခာမရှိဟု ပြောကြခြင်းမှာ သူ၏ ကိုယ်ကျင့်စရိုက်တွင် အပြစ်အနာအဆာများ ရှိခြင်းကြောင့် ဖြစ်သည်။

သူ့အား ပါရမီရှိသည်ဟု ပြောကြခြင်းမှာ သူသည် အခြေတည်ဝိညာဥ် အဆင့်အား နှစ်ပေါင်းတစ်ရာ အတွင်း၌ ရောက်ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် မဟာချင် အင်ပါယာတွင် အခြေတည် ချုံးယွမ်နှင့် ရွှေရောင်ဗဟိုချက် ရှင်းယွမ်ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။

ရှောင်ယန်၊ ရှီထျန်းဟောင်နှင့် ကျန်သောသူများသည် မကျော်ကြားလာသေးခင်တွင် နတ်ဘုရားနယ်မြေ အတွင်းမှ ပါရမီရှင်များ အကြားတွင် အဆင့်အမြင့်ဆုံး အသတ်မှတ်ခံထားရသူများမှာ ရှီထျန်းရီနှင့် ကျင်းဟွမ်အမတ် လျှမ်အန်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အခြေတည်ဝိညာဥ် အဆင့်အား စောစီးစွာနှင့် ရောက်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သူတို့သည် ရှီချုံးယွမ်နှင့် ထောင်ရောင်ရောင်တို့ထက်ပင် ပို၍ ပါရမီ ထူးချွန်ကြသေးသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now