အပိုင်း ၄၅၁ -၄၅၂ - ၄၅၃

427 42 0
                                    

စာစဥ် ၂၅ : အပိုင်း ၁

အပိုင်း ၄၅၁ : ပြိုင်ဘက်ကင်း အလှမယ်များ

ယန့်မင်းရွဲ့ဖြစ်စေ၊ လုံရဲ့ဖြစ်စေ၊ လင်းဖုန်းသည် သူတို့နှစ်ယောက်စလုံးနှင့် ထူးခြားသော ဆက်ဆံရေးများ ရှိနေခဲ့သည်။

သူတို့သည် မိတ်ဆွေများ ဖြစ်သကဲ့သို့၊ ရန်သူများလည်း ဖြစ်ကြ၏။ သူတို့သည် အတူတကွ ပူးပေါင်း ဆောင်ရွက်နေကြသော်လည်း၊ တစ်ယောက်နှင့်တစ်ယောက် အချင်းချင်း အငြင်းပွားမှု ဖြစ်လာမည့် နေ့အတွက်လည်း ကြိုတင်ပြင်ဆင်ထားကြ၏။

သူတို့အားလုံးတို့သည် တစ်ယောက်နှင့်တစ်ယောက် လှည့်ပတ်ဖို့ ကြိုးစားနေကြသည်။ အကယ်၍ သူတို့အနက်မှ တစ်ယောက်သည် သတိမထားမိခဲ့လျှင်၊ အလှည့်စားခံသွားရမည် ဖြစ်သည်။

ယန့်မင်းရွဲ့နှင့် လုံရဲ့တို့အကြားမှ ဆက်သွယ်ရေး မှာမူ၊ သူတို့သည် ရန်သူသက်သက်သာ ဖြစ်ကြ၏။ အမှန်အတိုင်း ပြောရလျှင် သူတို့အချင်းချင်း ပူးပေါင်းဆောင်ရွက်သည့် တစ်ခုတည်းသော အချိန်မှာ၊ လွန်ခဲ့သော ဆယ်နှစ်ခန့်က သူတို့၏ သူသေကိုယ်သေ တိုက်ပွဲဖြစ်သည်။ ထိုတိုက်ပွဲကြောင့် သူတို့နှစ်ဦး စလုံးတို့သည် သေလုနီးပါး ဖြစ်သွားကြသည်။

သို့သော်လည်း ထိုတိုက်ပွဲကြောင့်ပင် သူတို့နှစ်ဦး စလုံးတို့သည် အတားအဆီးများကို ကျော်ဖြတ်နိုင်ခဲ့ကာ၊ နောက်ထပ် ကျင့်ကြံမှု အဆင့်တစ်ခုကို တက်နိုင်သွားကြ၏။

နှစ်ဦးစလုံး အကျိုးရှိဖို့အတွက် သူတို့နှစ်ယောက်တို့သည်၊ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ နည်းလမ်းမျိုးဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဤဖြစ်စဥ်ကိုကြည့်၍ တစ်ယောက်သည် သူတို့အကြားမှ ဆက်ဆံရေးကို ခန့်မှန်းနိုင်ပေသည်။ သူတို့၏ တိုက်ပွဲတွင် တစ်ယောက်ကသာ အနည်းငယ် အားနည်းနေမည် ဆိုပါက၊ ကျန်တစ်ယောက်သည် ထိုသူအား အပြတ်ရှင်းပစ်ရန် ဝန်လေးနေမည် မဟုတ်ပေ။

သို့သော်လည်း ယခုအချိန်တွင် သူတို့နှစ်ယောက်တို့သည် တိမ်တိုက်တောအုပ် ကမ္ဘာတွင်၊ ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတ၏ ပိတ်လှောင်၍ အမဲလိုက်ခြင်းအား ခံနေရသည်။ အားလုံးတို့သည် ယခုအချိန်တွင် သားကောင်များ ဖြစ်နေကြ၏။ ဘာမှ တိုင်ပင်နေစရာ မလိုပဲ ယန့်မင်းရွဲ့နှင့် လုံရဲ့တို့သည် ပူးပေါင်းလိုက်ကြကာ၊ ဘုံရန်သူများအား ရင်ဆိုင်လိုက်ကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now