အပိုင်း ၅၀၄ - ၅၀၅ - ၅၀၆

425 46 5
                                    

စာစဥ် ၂၇ : အပိုင်း ၁၄

အပိုင်း ၅၀၄ : နေရာတိုင်းတွင် အာရုံများကိုဆွဲဆောင်ခြင်း

"တကယ်လို့မင်းတို့က အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှာ နေပြီး မင်းတို့ရဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်မယ်ဆိုရင်၊ မသေဝိညာဥ်ကို ရရှိဖို့ အခွင့်အရေးတွေ ရှိတယ်"

လင်းဖုန်း၏ နောက်ဆုံးစကားသည် သိမ်းငှက်ဘုရင်နှင့် ဝေလငါးဘုရင်တို့၏ နောက်ဆုံးခံစစ်ကို ကျိုးပျက်စေခဲ့သည်။

သူတို့အား အချုပ်အနှောင်များမှ လွှတ်ပေးပြီး ယုကျင်းတောင်ပေါ်သို့ ခေါ်ဆောင်လာရာ၊ သူတို့သည် ကြွယ်ဝလှသော စိတ်ဝိညာဥ် စွမ်းအင်များကို ခံစားမိကြရ၍ လင်းဖုန်းက သူတို့အား ညာနေခြင်း မဟုတ်ကြောင်းကို သိလိုက်ကြသည်။ ဤနေရာသည် မြောက်ဝင်ရိုးစွန်း ပင်လယ်ထက် ကျင့်ကြံရန် များစွာသင့်လျှော်ပေသည်။

အကယ်၍ သူတို့သည် လင်းဖုန်း၏ လမ်းညွှန်မှုများကို ရရှိနိုင်ပါက၊ သူတို့၏ အနာဂတ် ကျင့်ကြံမှု လမ်းကြောင်းသည် ချောမွေ့နေပေလိမ့်မည်။

လင်းဖုန်းသည် အဝါရောင်နဂါး အကြေးခွံများကို ထုတ်ပြလိုက်ကာ၊ ကျဲယု၏ ဆုလာဘ်များကို တမင်သက်သက် ထုတ်ပြလိုက်သည်။ သိမ်းငှက်ဘုရင်နှင့် ဝေလငါးဘုရင်တို့မှာ သူ့ကိုပို၍ ရိုကျိုးလာကြ၏။

လင်းဖုန်းသည် အနုနည်းရော အကြမ်းနည်းပါသုံး၍ ဆွဲဆောင်လိုက်အပြီးတွင်၊ ထိုမိစ္ဆာနှစ်ကောင်တို့သည် ရင်တွင်းမှ ကြာမြင့်စွာ လွန်ဆွဲ၍ အပြီးတွင် လင်းဖုန်းထံသို့ အညံ့ခံလိုက်ကြ၏။ "ကျုပ်တို့က အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကို သစ္စာခံပါမယ်။ မာစတာလင်းကလည်း ကျုပ်တို့ကို လမ်းညွှန်မှု ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

လင်းဖုန်းသည် ပြုံးလိုက်ကာ သူတို့၏ မိစ္ဆာဝိညာဥ်များထံမှ အနှောင်အဖွဲ့များကို ဖယ်ရှားလိုက်၏။  သူတို့၏ စွမ်းရည်များ အပြည့်အဝ အသုံးမချနိုင်အောင် ပြုလုပ်ထားမည် မဟုတ်ပေ။ သို့သော်လည်း သူဆန္ဒရှိလျှင် သူတို့အား ချက်ချင်း သတ်နိုင်ပေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now