အပိုင်း ၅၃၈ - ၅၃၉ - ၅၄၀

395 40 1
                                    

စာစဥ် ၂၉ : အပိုင်း ၈

အပိုင်း ၅၃၈ : မင်းက သန်မာလေလေ မင်းကို ချေမှုန်းရတာ ကောင်းလေလေပဲ

ဒွိစုံသူငယ်အိမ်နှင့်သူ ရှီထျန်းရီသည် သူမွေးလာသော အချိန်မှစ၍ အားလုံး၏ ဂရုစိုက်ခြင်းကို ခံခဲ့ရသူ ဖြစ်၏။ သူသည် ကြီးမြတ်မှုအတွက် ကံကြမ္မာ ပါလာခဲ့သူ ဖြစ်၏။ လူငယ်မျိုးဆက်များ အတွင်းတွင် နံပါတ်တစ် ပါရမီရှင်ဟု သတ်မှတ်ထားခြင်း ခံရသူ ဖြစ်၏။ လူများအကြားမှ နတ်ဘုရား တစ်ပါးဖြစ်၏။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း စတင်ကျော်ကြားလာခဲ့ကာ ရှီထျန်းဟောင်၊ ရှောင်ယန်နှင့် ကျန်သောသူများသည် ထင်ပေါ်လာကြသည်။ ကျင့်ကြံမှု ကမ္ဘာမှ လူများသည် သူတို့၏ ထူးချွန်ပြောင်မြောက်လှသည့် စွမ်းရည်နှင့် ပါရမီများကို အသိအမှတ် ပြုကြသော်လည်း၊ ရှီထျန်းရီသည် အနည်းငယ် ပို၍ အထက်တန်းပိုကျသည်ဟု လက်ခံထားကြသည်။

ဒါသည် ရှီထျန်းရီက ဆယ်နှစ်ကျော် အရွယ်ကပင်ရရှိခဲ့သော ဂုဏ်သတင်း ဖြစ်သည်။ လူငယ်မျိုးဆက်များ အတွင်းတွင် လွန်စွာရှားပါးသော ဖြစ်စဥ် တစ်ခုဖြစ်၏။

သူနှင့် ရှီထျန်းဟောင်တို့၏ တိုက်ပွဲအား ကြေညာအပြီးတွင် သူသည် နတ်ဘုရားနယ်မြေ အတွင်းမှ သတင်းတစ်ပုဒ် ဖြစ်လာခဲ့သည်။

သူသည် အသက် ၁၇နှစ် မပြည့်ခင်တွင်ပင် အခြေတည်ဝိညာဥ် အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ အားလုံးသိထားသမျှ ဆိုလျှင် သူသည် နတ်ဘုရားနယ်မြေ၏ သမိုင်းတစ်လျှောက်တွင် အခြေတည်ဝိညာဥ် အဆင့်သို့ ရောက်ခဲ့သော အသက်အငယ်ဆုံး ကျင့်ကြံသူ ဖြစ်သည်။

ထို့အပြင် သူသည် ဒွိစုံသူငယ်အိမ်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူ၏ ရွှေရောင်ဗဟိုချက်နှင့် အခြေတည်ဝိညာဥ်အား သဘာဝ အန္တိမ တာအိုအခြေခံဖြင့် တည်ဆောက်ထားခြင်း ဖြစ်၏။ နောက်ထပ်အချက် တစ်ချက်မှာ သူသည် ယခုအချိန်တွင် သူ့ကိုယ်သူ ပိုမိုတိုးတက်အောင် လေ့ကျင့်ရန်၊ နံပါတ်တစ် မြင့်မြတ်နယ်မြေ ဟင်းလင်းပြင် ဘုရားကျောင်း၏ အစိတ်အပိုင်း တစ်ရပ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now