အပိုင်း ၅၅၆ - ၅၅၇ - ၅၅၈

411 41 3
                                    

စာစဥ် ၃၀ : အပိုင်း ၆

အပိုင်း ၅၅၆ : ကောင်းမွန်သော နာမည်၊ ခိုင်မာသော အခြေခံအုတ်မြစ်

လွန်ခဲ့သော တစ်နှစ်က လေနတ်ဘုရားဂိုဏ်း အဖျက်ဆီးခံရပြီး ရွှေကျီး မဟာပဏ္ဍိတက ဖိနှိပ်ခြင်းကို ခံရအပြီးတွင်၊ ခွန်းလွန်တောင် တစ်ခုလုံးသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားခဲ့သည်။

ခွန်းလွန်တောင် တိုက်ပွဲသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဂုဏ်သတင်းက နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင် ပထမဆုံးအကြိမ် ကျော်ကြားသွားသည့် တိုက်ပွဲဖြစ်သည်။

ထို့နောက်ပိုင်းတွင် တိမ်တိုက်တောအုပ် ကမ္ဘာအတွင်းမှ ဖြစ်ရပ်များသည် လျှို့ဝှက်ချက်ဖြစ်ကာ လူအနည်းငယ်သာ သိခဲ့ကြသည်။ သို့သော်လည်း မြောက်ဝင်ရိုးစွန်း ပင်လယ်မှ ခွန်းဖန် လျှို့ဝှက်ကျမ်းစာ တိုက်ပွဲနှင့် ကောင်းကင်လှည်း တောင်ထိပ်မှ တိုက်ပွဲသည်၊ လင်းဖုန်းနှင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းတို့၏ ဂုဏ်သတင်းအား လွန်စွာမှပင် မြှင့်တင်ပေးနိုင်ခဲ့သည်။

ပြီးတာနှင့် လင်းဖုန်းသည် ယုမိသားစုအား ဖျက်ဆီးပစ်ကာ ဟင်းလင်းပြင် ဘုရားကျောင်းမှ ဖိအားများကို ရင်ဆိုင်ခဲ့သည်။ သူသည် ရှီထျန်းဟောင်နှင့် ရှီထျန်းရီတို့အား တိုက်ခိုက်နိုင်ရန် လုပ်ဆောင်နိုင်ခဲ့၏။ ထိုအခိုက်အတန့်တွင် သူသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဂုဏ်သတင်းအား ထိပ်သို့ရောက်အောင် ပို့ဆောင်နိုင်ခဲ့သည်။

မဟာကမ္ဘာ၏ အချိန်စီးဆင်းမှုအရ ယခင်နှစ်မှစ၍ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် လွန်စွာမှ မျက်စိကျစရာ ကောင်းလာခဲ့သည်။ နတ်ဘုရားနယ်မြေမှ အဓိက အဖြစ်အပျက် အတော်များများသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနှင့် ဆက်စပ်နေခဲ့သည်။ အချို့ကိစ္စမျာမှာ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ အပေါ်တွင် မူတည်နေခဲ့ခြင်း ဖြစ်သည်။

သိပ်မကြာခင်တွင်ပင် ဟင်းလင်းပြင် စစ်တလင်း အတွင်းမှ သတင်းသည် ပြင်ပသို့ စတင်ပျံ့နှံ့လာခဲ့၏။

ဒွိစုံသူငယ်အိမ်ကို ပိုင်ဆိုင်ထားသော၊ လူသားကျင့်ကြံသူများ၏ လူငယ်မျိုးဆက်မှ ထိပ်ဆုံး ပါရမီရှင်ဖြစ်သော၊ ကြီးမားလှသော အလားအလာများကို ပိုင်ဆိုင်ထားသော၊ ဟင်းလင်းပြင် ဘုရားကျောင်းမှ ရှီထျန်းရီသည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တတိယတပည့်ဖြစ်သူ ဝမ်လင်း၏ မျက်စိတစ်ဘက်ကန်းအောင် လုပ်ခြင်းအား ခံခဲ့ရသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now