အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်

373 40 0
                                    

စာစဥ် ၃၂ : အပိုင်း ၈

အပိုင်း ၅၉၈ : လင်းဖုန်း၏ ရဲတင်းသော လုပ်ဆောင်ချက်

လင်းဖုန်းသည် သူ၏အာရုံအား ပိုင်ယွင်တောင်သို့ ပြောင်းလိုက်ကာ ပြောလိုက်သည်။ "အမှန်တကယ် စည်းလုံးညီညွတ်မှုဟာ အပေါ်ယံတင် စေ့စပ်ညှိနှိုင်းနေတာထက် ပိုအရေးကြီးတယ်"

ပိုင်ယွင်တောင်ပေါ်တွင် ယန်နန်းလိုင်သည် ဘာမှမပြောပဲနှင့် သက်ပြင်းအရှည်ကြီး တစ်ချက်ကိုသာ ချလိုက်သည်။ သူသည် နောင်တကြီးစွာနှင့် နှမြောတဿ ဖြစ်နေခဲ့သည်။

ဤအချိန်တွင် နတ်ရေကန်ဂိုဏ်း၏ ကံကြမ္မာမှာ ဆုံးဖြတ်ပြီး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ယန်နန်းလိုင်နှင့် ဟင်းလင်းပြင် ဘုရားကျောင်း၏ အတွေးတို့မှာ လင်းဖုန်း၏ စကားအနည်းငယ်ကြောင့် ပြောင်းသွားလိမ့်မည် မဟုတ်ပေ။ သူတို့၏ ယုံကြည်မှုများသည် နှစ်ထောင်ပေါင်းများစွာ ရှည်ကြာလာခဲ့ပြီ ဖြစ်၏။ သူတို့ နှစ်ပေါင်းများစွာ လျှောက်လှမ်းလာသော လမ်းအား အလွယ်တကူနှင့် ပြောင်းနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၊ မဟာချင် အင်ပါယာ၊ မဟာကျိုး အင်ပါယာ၊ ခရမ်းရောင် တိမ်တိုက်ဂိုဏ်းနှင့် မြောက်ပိုင်းမျိုးနွယ်စုတို့၏ တော်ဝင်အိမ်တော်တို့အား ရင်ဆိုင်ရချိန်တွင် ဟင်းလင်းပြင် ဘုရားကျောင်းသည် အလွန်ကို နှိုင်းနှိုင်းချိန်ချိန်နှင့် ဆောင်ရွက်ရမည် ဖြစ်သည်။ ကိစ္စများကို ပဋိပက္ခ အကြီးအကျယ် မဖြစ်ပွားပဲ ညှိနှိုင်းဆောင်ရွက်၍ရမည် မဟုတ်ပေ။

အားလုံးမသိကြသည့် အချက်မှာ လင်းတောက်ဟန်သည် မဟာလွင်တီးခေါင် ကုန်းမြေမှ ယူဆောင်လာသော အရေးကြီးသည့် အချက်တစ်ခုအား ဟင်းလင်းပြင် ဘုရားကျောင်းမှ အလေးအနက် ဆွေးနွေးနေခဲ့ခြင်း ဖြစ်သည်။

အခြေအနေဆိုး နှစ်ခုအား ရွေးချယ်ရမည်ဆိုလျှင် ပိုမိုသက်သာသော တစ်ခုအား ရွေးရမည် ဖြစ်၏။ နတ်ဘုရားနယ်မြေ အတွင်းတွင် ဟင်းလင်းပြင် ဘုရားကျောင်းသည် အနည်းငယ် တိုးသာဆုတ်သာရှိအောင် လှုပ်ရှားရမည် ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now