အပိုင်း ၅၈၀ : ကံမကောင်းမှုမှ အကျိုးအမြတ် ရခဲ့သော ရှီထျန်းရီ

300 38 0
                                    

စာစဥ် ၃၁ : အပိုင်း ၁၀

အပိုင်း ၅၈၀ : ကံမကောင်းမှုမှ အကျိုးအမြတ် ရခဲ့သော ရှီထျန်းရီ

"ဒါက 'မဟာဟင်းလင်းပြင် အတွေးအခေါ် ရှာဖွေခြင်း'ရဲ့ မဟာကောင်းကင် ပုံရိပ်ဖော်ပြခြင်းလား" ရွှင်ပျော်ပျော် သူတော်စင်က အနည်းငယ် ချီတုံချတုံ ဖြစ်သွားပြီးမှ အန်းလျှန်မင်းသား ရှီကျုံးယွဲ့အား ကြည့်ကာမေးလိုက်သည်။

သူတို့၏ အင်မော်တယ်ဝိညာဥ် အဆင့်မှ ကျင့်ကြံမှုများဖြင့် အကြီးအကဲ တစ်အုပ်စုတို့သည် နဂါးတိုက်ပွဲ စင်မြင့် အတွင်းမှ ရောင်စုံပုံရိပ် ရာပေါင်းထောင်ပေါင်း များစွာတို့အား အသေအချာ တွေ့နိုင်ပေသည်။

ရှီထျန်းရီ၏ ညာမျက်စိသည် အစွမ်းထက်သော်လည်း သူသည် အင်မော်တယ်ဝိညာဥ် အဆင့်မှ အကြီးအကဲများ၏ မျက်လုံးတို့အား မလိမ်ညာနိုင်ပေ။

ရှီကျုံးယွဲ့သည် စင်မြင့်ပေါ်မှ ရှီထျန်းရီအား ကြည့်လိုက်ကာ သူ၏ခေါင်းကို ဖြည်းညင်းစွာဖြင့် ညိတ်လိုက်သည်။ "ဟုတ်တယ်။ ဒါက 'မဟာဟင်းလင်းပြင် အတွေးအခေါ် ရှာဖွေခြင်း' အထဲက စွမ်းအားအကြီးဆုံး အကွက်ဖြစ်တဲ့ မဟာကောင်းကင် ပုံရိပ်ဖော်ပြခြင်း ဖြစ်တယ်။  ဒါပေမဲ့ အရင်တုံးက တစ်ယောက်မှ ဒီလောက်အထိ ပုံရိပ်တွေ အများကြီးကို မဖန်ဆင်းနိုင်ကြဘူး"

"ဒါက ရှီထျန်းရီရဲ့ အားကြီးလှတဲ့ စိတ်ဝိညာဥ်နဲ့ သူ့ရဲ့ ဒွိစုံသူငယ်အိမ်ရဲ့ စွမ်းအားတွေကြောင့် ဖြစ်တယ်"

ရာနှင့်ထောင်နှင့်ချီသော ပုံရိပ်များသည် ရှီထျန်းဟောင်အား ဝန်းရံထားကြသည်။ ရှီထျန်းဟောင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် တောက်လောင်နေသော အသက်စွမ်းအားများဖြင့် ပေါက်ကွဲနေ၏။ သူ၏ သွေးကြောများ အတွင်းတွင် ပူပြင်းသော သွေးများ စီးဆင်းနေကာ သူ၏ ခန္ဓာကိုယ်သည် ဆေးမီးဖိုကဲ့သို့ ဖြစ်နေခဲ့သည်။ သူ့ထံမှ ထွက်ပေါ်လာသော အပူရှိန်သည် သူ၏ ပတ်ပတ်လည်မှ လေဟာနယ်ကို တွန့်လိမ်စေခဲ့သည်။

စိတ်ဝိညာဥ် မှော်ကျိန်စာများကို တန်ပြန်တိုက်ခိုက်ရန် အကောင်းဆုံးသော မှော်ကျိန်စာမှာ ပထမ မိုးကြိုး တွန်းလွှတ်ခြင်း မှော်ကျိန်စာ ဖြစ်၏။ နောက်ထပ် အကောင်းဆုံး တန်ပြန်တိုက်ခိုက်မှုမှာ သိုင်းသမားတစ်ယောက်၏ စွမ်းအားကြီးသော ယန်ဓာတ်အား ဆူပွက်နေသော အသက်စွမ်းအင်ဖြင့် ပူးပေါင်းထားကာ ယင်ဝိညာဥ်တို့ အနားကပ်လာခြင်းမှ ကာကွယ်ထားခြင်း ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now