အပိုင်း ၃၇၉ - ၃၈၀

420 48 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၁ : အပိုင်း ၉

အပိုင်း ၃၇၉ : ရင်းနှီးပြီးသား ရန်သူ

ရင်းနှီးပြီးသားသူ ဖြစ်ကြောင်းကို ရှောင်ပုတန်က ပြောအပြီးတွင်၊ ယန်ချင်၏ မျက်လုံးအစုံသည် တောက်ပလာခဲ့၏။ "ဒါဆိုရင် ငါအရင်က မြင်ထားတဲ့ ဟာတွေက မမှားနေဘူးပေါ့"

လင်းဖုန်းက ပြန်ဖြေလိုက်သည်။ "မင်းတို့ပြောတာ မှန်တယ်။ ငါက ငါတို့သိပြီးသား သူတစ်ယောက်ပဲ။ ရှကျိုးက တိုက်ပွဲအပြီးမှာ သူတို့က ငြိမ်သက်သွားခဲ့ပြီး၊ နောက်ထပ်ဘာမှ လှုပ်ရှားမှုတွေ မလုပ်ကြခဲ့ကြဘူး။ သူတို့ဂိုဏ်းရဲ့ အင်မော်တယ်ဝိညာဥ် အဆင့်က ကျင့်ကြံသူက၊ တံခါးပိတ်ပြီး လေ့ကျင့်နေတယ်လို့ သတင်းကြားထားခဲ့တယ်"

"အခုကြည့်ရတာတော့ သူတို့က လက်စားချေဖို့ ဗြောင်ကျကျ ရင်မဆိုင်ရဲတော့၊ အမှောင်ထဲကနေ တိတ်တဆိတ် ယုတ်မာတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ကြတာပဲ"

ရှောင်ပုတန်က ပြောလိုက်သည်။ "ဆရာ၊ နောက်ထပ် သံသယဖြစ်ဖွယ် အချက်တစ်ခု ရှိသေးတယ်"

သူသည် ဆေးမီးဖိုအတွင်းတွင် မေ့မျောနေသော လူငယ်အား လက်ညှိုးထိုး၍ ပြောလိုက်သည်။ "သူ့ကို တိုက်ခိုက်ခဲ့တဲ့ သူရဲ့မှော်စွမ်းအင်ကို အကဲခတ်ရရင်၊ သူ့ရဲ့ ကျင့်ကြံမှု အဆင့်က မနိမ့်ဘူး။ တကယ်လို့ သူ့ကို သတ်ချင်ရင်၊ လွယ်လွယ်ကူကူ သတ်လို့ရတယ်။ သူက ဘယ်လိုလုပ်ပြီးမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"

ယန်ချင်က ပြောလိုက်၏။ "သူက သူ့ကို တမင်သက်သက် မသေအောင် လုပ်ထားတာ။ ဒါမှ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို ဖျက်ခြင်းဆိုတဲ့၊ သူတို့ရဲ့ ရည်ရွယ်ချက်က ထမြောက်နိုင်မှာပေါ့"

ရှီထျန်းဟောင်က သူ၏ခေါင်းအား တဆတ်ဆတ်နှင့် ညိတ်လိုက်၏။ "ဒါက သူတို့ရဲ့ ရည်ရွယ်ချက် အစစ်အမှန်ပဲ ဖြစ်လိမ့်မယ်"

"ငါကတော့ ဒီလောက်ပဲ မထင်သေးဘူး" လင်းဖုန်းက ထိုလူငယ်အား ကြည့်လိုက်ကာ ပြောလိုက်သည်။ "ငါ့နောက်ကိုလိုက်ခဲ့"

လင်းဖုန်း၏ မူလကိုယ်သည် ယုကျင်းတောင်ပေါ်တွင် ကျန်နေခဲ့သည်။ သူသည် သံမဏိသစ်ပင် ကိုယ်ပွားကို အသုံးပြု၍ ရှောင်ပုတန်နှင့် ကျန်သောသူများကို ခေါ်ဆောင်သွားခဲ့ကာ၊ ခွန်းလွန်တောင်ပေါ်တွင် ဆင်းသက်လိုက်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now