အပိုင်း ၄၄၅ - ၄၄၆ - ၄၄၇

457 46 0
                                    

စာစဥ် ၂၄ : အပိုင်း ၁၅

အပိုင်း ၄၄၅ : တစ်ခုခုက မှားနေပြီ

မဟာမိုးကြိုး ကျောင်းတော်မှ ဓာတ်တော်တစ်ပါး ရှိနေကြောင်းကို ပြောခဲ့သည့်၊ စနစ်ကြီး၏ အကြောင်းကြားချက်အား ကြားအပြီးတွင် လင်းဖုန်းသည် အစပထမတွင် ပျော်ရွှင်သွားခဲ့၏။

သူအစောပိုင်းက လက်ခံခဲ့သည့် စနစ်၏ ပျောက်ဆုံးနေသော ဓာတ်တော်များအား ရှာဖွေစုဆောင်း၍၊ မဟာမိုးကြိုး ကျောင်းတော်သို့ ပြန်ပို့ရမည့် ကျပန်းအရန်မစ်ရှင်သည် အချိန်ကန့်သတ်ချက် မရှိပေ။ သို့သော်လည်း သူသည် အလွန်တရာမှ ခဲယဥ်းလှသော တာဝန်ဖြစ်သည်။

ယခုအချိန်တွင် စနစ်၏ အကြောင်းကြားချက်များကို ကြားအပြီးတွင်၊ လင်းဖုန်း၏ အနားတွင် ဓာတ်တော်တစ်ပါး ပေါ်လာသည်နှင့် တပြိုင်နက် စနစ်က သူ့အား အလိုအလျှောက် အကြောင်းကြားမည် ဖြစ်သည်။

ဒါသည် ဓာတ်တော်များအား ရှာဖွေမှုအား အလွန်တရာမှ လွယ်ကူသွားစေသည်။ သူသည် ခက်ခဲနေဆဲ ဖြစ်သော်လည်း၊ အနည်းဆုံးတော့ လင်းဖုန်းသည် သူတို့အား မတော်တဆ ကျော်သွားတော့မည် မဟုတ်ပေ။

သို့သော်လည်း အချိန်အနည်းငယ်မျှ ပျော်ရွှင်အပြီးတွင်၊ လင်းဖုန်းသည် သံသယစိတ်များ ပေါ်လာခဲ့သည်။ ဤကဲ့သို့သော ချောင်ကျခေါင်ခိုက်လှသည် အလယ်ကမ္ဘာတွင်၊ မဟာမိုးကြိုး ကျောင်းတော်၏ ဓာတ်တော်တစ်ပါးသည် မည်ကဲ့သို့ ရောက်နေနိုင်ပါမည်နည်း။

ချုံးချိများ အနားတွင် ရောက်နေသည်လော၊ သို့မဟုတ် တစ်စုံတစ်ယောက်၏ လက်အတွင်းတွင် ရောက်နေခဲ့သည်လော။

လင်းဖုန်းသည် စဥ်းစားနေသော်လည်း မည်သည့် စိတ်ခံစားချက်မျိုးမှ ပေါ်မနေခဲ့ပေ။ သူသည် ယန့်မင်းရွဲ့အား ကြည့်လိုက်ကာ ပြောလိုက်သည်။ "ကျုပ်တို့က တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်တွေ မပြတ်စေပဲ၊ ဒီနေရာကို လူခွဲပြီးမှ လိုက်ရှာရမယ်"

ယန့်မင်းရွဲ့သည် အရှေ့မှ တိမ်တိုက်တောအုပ် သစ်ပင်များကို ကြည့်လိုက်ကာ ပြောလိုက်သည်။ "ဒါကို တိမ်တိုက်တောအုပ် ကမ္ဘာလို့ ခေါ်လို့ရမယ် ထင်တယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now