အပိုင်း ၅၅၀ - ၅၅၁ - ၅၅၂

374 42 0
                                    

စာစဥ် ၂၉ : အပိုင်း ၂၀

အပိုင်း ၅၅၀ : သေမင်းခန်းမမှ သံတမန်

လင်းဖုန်းသည် လက်ကို ဝှေ့ယမ်းလိုက်ကာ ဝမ်လင်းအား မြေပြင်ပေါ်မှ ဆွဲထူလိုက်ရင်း သူ၏ တပည့်အား ကြည့်လိုက်ပြီး ညင်သာစွာ ပြုံးလိုက်သည်။

ဝမ်လင်းသည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ကာ တစ်နှစ်ပတ်လုံး အေးစက်တင်းမာနေသော မျက်နှာတွင် မြင်နေမကျသည့် နွေးထွေးမှုများ ပေါ်လာခဲ့သည်။

သူ၏ အကြည့်သည် လင်းဖုန်း၏ လက်ဖဝါး အတွင်းမှ ကောင်းကင်ကမ္ဘာငယ်၏ အပေါ်သို့ ကျရောက်သွားသောအခါ၊ ဝတ်စုံနက်နှင့် ပုံရိပ်ကို ကြည့်လိုက်၍ သူ၏ အကြည့်သည် ပြန်လည် အေးစက်သွားခဲ့သည်။

"လောစရာ မလိုဘူး၊ သူက ပြေးဖိုနေရာ မရှိဘူး" လင်းဖုန်းက တည်ငြိမ်စွာနှင့် ပြောလိုက်သည်။

သူသည် အခြားကျင့်ကြံသူများအား ရေအိုင်ကဲ့သို့ တည်ငြိမ်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ အိမ်မက်မက်ရင်း လမ်းလျှောက်နေကြသူများသည် ရုတ်တရက် လန့်နိုးလာခဲ့သကဲ့သို့ သူတို့သည် အလောတကြီးပင် လင်းဖုန်းထံသို့ ပြိုင်တူ ဦးညွှတ်လိုက်ကြ၏။ "ကျွန်တော်တို့ လိုအပ်နေချိန်မှာ အကူအညီပေးတဲ့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ်"

"ကိစ္စမရှိပါဘူး" လင်းဖုန်းသည် သူ၏ လက်ဖဝါးမှ ကောင်းကင်ကမ္ဘာငယ်အား ကြည့်လိုက်ပြီး မေးလိုက်သည်။ "ဒီလူကို အစောကတည်းက သိနေတဲ့သူများ ရှိသလား၊ ဒါမှမဟုတ် သူ့လိုမျိုး နည်းစနစ်တွေကို ကျင့်ကြံတဲ့ သူတွေကို သိကြသလား"

အုပ်စုအတွင်းမှ ကျင့်ကြံသူများသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ အခြေတည် ဝိညာဥ် အလယ်အလတ် အဆင့်မှ အကြီးအကဲ တစ်ယောက်သည် ထွက်လာလိုက်ကာ ဦးညွှတ်လိုက်ပြီး ဖြေကြားလိုက်သည်။ "ကျွန်တော်က အရင်တုံးက ဟင်းလင်းပြင် စစ်တလင်း အတွင်းမှာ အခြေတည် ဝိညာဥ် အဆင့်က ကျင့်ကြံသူ တစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။ သူ့ရဲ့ မှော်ကျိန်စာက ဒီလူနဲ့ ဆင်တူပါတယ်"

"ဒါက စိတ်ဝိညာဥ် မှော်ကျိန်စာ မဟုတ်ပဲ၊ ရန်သူရဲ့ စိတ်ဝိညာဥ်ကို တိုက်ခိုက်တဲ့ ကောက်ကျစ်တဲ့ မှော်ကျိန်စာ တစ်ခု ဖြစ်ပါတယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now