အပိုင်း ၆၄၃ : တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံခြင်း

318 39 0
                                    

စာစဥ် ၃၄ : အပိုင်း ၁၃

အပိုင်း ၆၄၃ : တပည့်ခန်းမဆောင်အား ပြုပြင်မွမ်းမံခြင်း

အနက်ရောင် ပင်လယ်ရေသည် ရေတစ်တန်း အဖြစ်သို့ ပြောင်းသွားခဲ့ကာ လေဟာနယ်ကို ဖြတ်ကျော်၍ လင်းဖုန်းထံသို့ ရောက်ရှိလာခဲ့သည်။

လင်းဖုန်းသည် ဓားရှည်တစ်ချောင်း၏ လက်ကိုင်အား ဆုပ်ကိုင်ခဲ့သကဲ့သို့ သူ၏လက်ဝါးများဖြင့် ဖမ်းဆုပ်လိုက်သည်။ အနက်ရောင် ရေများသည် သူ၏လက်ဝါးအတွင်းသို့ အေးခဲသွားခဲ့သည်။

သိပ်မကြာမီတွင်ပင် သူ၏လက်အတွင်းတွင် သုံးပေခန့်ရှည်သည် တောက်ပနေသော အနက်ရောင် ဓားရှည်တစ်ချောင်း အဖြစ်သို့ ပြောင်းသွားခဲ့သည်။

ထိုဓားရှည်သည် သန့်စင်သော အနက်ရောင် ရေခဲသလင်းကျောက်များဖြင့် ပြုလုပ်ထားသကဲ့သို့ ထင်နေရသည်။ မသန့်စင်မှုများ မရှိခဲ့ပဲ ဓား၏ဓားသွားမှာ မည်းနက်နေခဲ့ကာ မည်သည့် ဓားအလင်းတန်းမျိုးကိုမှ ထုတ်လွှတ်နေခြင်း မရှိခဲ့ပေ။

ထိုဓားသွားသည် အလင်းတန်းများကို ရောင်ပြန်မဟပ်ရုံသာမကပဲ ထိုဓားသွားသည် အနက်ရောင် တွင်းနက်တစ်ခုကဲ့သို့ပင် သူအပေါ်သို့ ကျရောက်လာသော အလင်းရောင်များ အားလုံးတို့ကို ဝါးမျိုခဲ့လိုက်သည်။ ထိုဓားသွား၏ ထိပ်ဖျားမှ လေဟာနယ်သည် စကြာဝဠာကြီး၏ ကမ္ဘာဦး အမှောင်ထုကဲ့သို့ လုံးဝမှောင်မည်းနေခဲ့သည်။

ထိုဓားထံမှ ကြောက်မက်ဖွယ်ရာ ယင်အော်ရာတို့သာ ထွက်ပေါ်လာခဲ့၍ တွေ့သောသူများအား ကျောက်ရုပ်ကဲ့သို့ ဖြစ်စေခဲ့သည်။

"ဒီဓားကို ဂမ္ဘီရဓားလို့ ခေါ်ရမယ်" လင်းဖုန်းက ပြောလိုက်၏။ သူသည် ထိုဓားကို လော်ချင်းဝူထံသို့ လက်ဆင့်ကမ်းပေးလိုက်သည်။ ထိုဓားအား အပြည့်အဝ ဖန်ဆင်းရခြင်း မရှိသေးပေ။ သူသည် လော်ချင်းဝူ၏ လက်အတွင်းသို့ ရောက်သွားသောအခါ သူမ၏ ဓားဝိညာဥ်သည် ဂမ္ဘီရဓားနှင့် ပေါင်းစပ်သွားခဲ့ကာ ပြီးပြည့်စုံသွားခဲ့သည်။

ထူးခြားဆန်းပြားသော်လည်း နူးညံ့သိမ်မွေ့သည့် အော်ရာတစ်လှိုင်းသည် ထိုဓားအတွင်းမှ ထွက်ပေါ်လာခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now