အပိုင်း ၄၂၅ - ၄၂၆

403 43 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၃ : အပိုင်း ၁၅

အပိုင်း ၄၂၅ : မိစ္ဆာကလန်မှ ကျူးကျော်ဝင်ရောက်လာသူများ

ခွန်းဖန်အသိုက် အပေါ်မှ ကောင်းကင်ထက်တွင်၊ ခွန်းဖန် မဟာပဏ္ဍိတသည် လေဟာနယ် အတွင်းတွင် အပေါက်တစ်ပေါက်ကို ဖောက်ပေးလိုက်သည်။ သူ၏သွေးဖြင့် ဖန်တီးထားသည် မြူခိုးငွေ့များသည်၊ ရွှေရောင် အလင်းတန်းများဖြင့် တောက်ပလာခဲ့၏။ ဖရိုဖရဲ ဖြစ်နေသည့် လေဟာနယ် အတွင်းတွင်၊ သူသည် တဖြည်းဖြည်း ဆန့်တန်းလာခဲ့ကာ ထူးခြားသော လမ်းကြောင်းတစ်ခုအား ဖွင့်ပေးခဲ့သည်။

ထိုလမ်းကြောင်းသည် ဖြောင့်တန်းမနေပေ။ သူသည် လေဟာနယ် အချိန်ကာလ၏ တွန့်လိမ်မှုများ အပေါ်တွင် မူတည်၍၊ ပုံစံအတိအကျ မရှိပဲ ကောက်ကွေ့နေခဲ့သည်။ အချို့နေရာများတွင် ၁၈၀ ဒီဂရီ ကွေ့သွားခဲ့ကာ၊ အချို့နေရာများတွင် အပေါ်သို့ စက်ဝိုင်းကဲ့သို့ တက်သွားခဲ့၏။

ထိုလမ်းကြောင်းသည် နေရာတစ်ခုသို့ ရောက်သွားခဲ့လျှင် ရုတ်တရက် ကွေ့သွားခဲ့ကာ၊ သိပ်မကြာခင်တွင် နောက်ထပ် လမ်းကြောင်း ထပ်ပြောင်းသွားခဲ့သည်။ သူသည် အတော့်ကို ထူးဆန်းသော ပုံစံတစ်ခု ဖြစ်နေခဲ့သည်။

ထိုလမ်းကြောင်းသည် ဆန့်တန်းရင်း၊ ဆန့်တန်းရင်းနှင့် အဆုံးမဲ့ လေဟာနယ်အား ချိုးဖောက်သွားနိုင်ခဲ့သည်။

အသေးစိတ် သေချာစွာ ကြည့်ရှုလိုက်လျှင်၊ ထိုလမ်းကြောင်း၏ ထိပ်ဖျားသည် သေးသွယ်သော ရွှေရောင်မျဥ်းကြောင်း တစ်ခုနှင့် ဆက်သွယ်ထားပြီး၊ ထိုရွှေရောင် မျဥ်းကြောင်းသည် လေဟာနယ် အချိန်ကာလ တုန်ခါမှုများမှနေ၍ ထွက်ပေါ်လာခဲ့ကာ ပြတ်ပြတ်သားသား မရှိခဲ့ပေ။

မြူခိုးငွေ့များဖြင့် ဖန်တီးထားသော လမ်းကြောင်းသည်၊ ထိုသေးသွယ်သော ရွှေရောင်မျဥ်းကြောင်း၏ လမ်းညွှန်မှုအောက်မှာ ဆက်လက်၍ ဆန့်တန်းနေခဲ့သည်။

ထိုရွှေရောင်မျဥ်းကြောင်းသည် မည်မျှရှည်လျားသည်၊ သို့မဟုတ် ဘယ်ကနေ စတင်လာခဲ့သည်ကို မသိရပေ။ ထိုသေးသွယ်သော မျဥ်းကြောင်းသည် အစစ်အမှန် မဟုတ်ဟု ထင်နေရ၍၊ အကောင်အထည် မဟုတ်ဟုလည်း ထင်နေရသည်။ သူသည် သဘာဝလွန် အသိစိတ်မှနေ၍ ပြောင်းလဲထားခြင်း ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now