အပိုင်း ၅၆၂ - ၅၆၃ - ၅၆၄

365 48 0
                                    

စာစဥ် ၃၀ : အပိုင်း ၁၂

အပိုင်း ၅၆၂ : ရေနက်အတွင်းမှ အန္တရာယ် ကြီးမားသော အခြေအနေ

လင်းဖုန်းအား တည်ခင်းသည့် ဧည့်ခံပွဲသည် မကြီးနား မခမ်းနားလှပေ။ ပါဝင်သူ အနည်းငယ်သာ ရှိကြ၏။ သို့သော်လည်း သူတို့တစ်ယောက်ချင်းသည် မဟာချင် အင်ပါယာမှ အဓိက အဖွဲ့ဝင်များ ဖြစ်ကြ၏။ ဒါသည် ချင်ဧကရာဇ် ရှီယု၏ သဘောထားကို လုံလောက်စွာ ပြသနေရာ ရောက်နေပေသည်။

ရှီယု၏ အိပ်ဆောင်သည် အလွန်အမင်းကို ရိုးရှင်းပေသည်။ သူပုံမှန် ဝတ်ဆင်သည် ခမ်းနားထည်ဝါသည့် ဝတ်ရုံအစား သာမန်ဝတ်စုံတစ်ခုကိုသာ ဝတ်ဆင်ထား၍ အခန်းငယ် တစ်ခုအတွင်းသို့ ဝင်သွားခဲ့သည်။ သူသည် ဟင်းလင်းပြင် အတွင်းသို့ ဝင်သွားသည့်အတိုင်း ဖြစ်သွားခဲ့သည်။ သူသည် ကြယ်စင်များကို မော့ကြည့်နေခဲ့ကာ ဘာမှမပြောခဲ့ပေ။

"အရှင်မင်းမြတ်၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်နဲ့ ဆွေးနွေးမှုက ဘယ်လိုလဲ"

ရှီယု၏ အနောက်မှ အသံတစ်ခု ပေါ်လာခဲ့သည်။ ထိုအသံသည် နူးညံ့ညင်သာကာ နားဝင်ချိုလှ၏။

အသံပိုင်ရှင်မှာ အသက် ၂၈နှစ်ခန့်ရှိသည့် မိန်းမပျိုတစ်ယောက် ဖြစ်၏။ သူမသည် သေသပ်ကျနသော နန်းတွင်းဝတ်စုံအား ဝတ်ဆင်ထားကာ နန်းဆန်သော အငွေ့အသက်များ ရှိနေခဲ့သည်။

သူမ၏ သိမ်မွေ့သော ခြေလှမ်းများနှင့်အတူ ဟင်းလင်းပြင်သို့ ဖြတ်လျှောက်လာခဲ့ကာ ရှီယု၏ဘေးသို့ ရောက်လာခဲ့သည်။ သူမသည် နတ်သမီးတစ်ပါးကဲ့သို့ ကျက်သရေရှိလှစွာ လှုပ်ရှားလာခဲ့သည်။

သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးအား အလင်းရောင်များဖြင့် လွှမ်းခြုံထားခဲ့သည်။ တစ်ယောက်သည် သူမ၏ ပြင်ပ အသွင်အပြင်ကို မြင်တွေ့နိုင်ခြင်း မရှိပေ။ ရှီယု၏ဘေးသို့ ရောက်လာမှသာ အလင်းရောင်များက မှေးမှိန်ပျောက်ကွယ်သွားခဲ့ကာ လွန်စွာ မှင်သက်ရှုမောဖွယ် ကောင်းလှသော မျက်နှာ အသွင်အပြင်ကို မြင်ခဲ့ရ၏။ သူမ၏ မျက်နှာသည် လွန်စွာမှပင် ချောမောလှပ၍ အပြုံးတစ်ခုကို ပြုံးထားခဲ့သည်။ မယုံနိုင်စရာ နှစ်လိုဖွယ် ကောင်းလှပေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now