အပိုင်း ၆၃၅ : လုံလောက်သော ဖဲချပ်များရှိလျှင် တစ်ယောက်သည် အသာစီးမှ ပြောနိုင်သည်

278 32 0
                                    

စာစဥ် ၃၄ : အပိုင်း ၅

အပိုင်း ၆၃၅ : လုံလောက်သော ဖဲချပ်များရှိလျှင် တစ်ယောက်သည် အသာစီးမှ ပြောနိုင်သည်

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက တမင်သက်သက် သတင်းဖြန့်ထားခြင်းကြောင့် မဟာချင် အင်ပါယာသည် ရေရိုးတွင်းခြင်ဆီ သလင်းကျောက် သတ္တတွင်းနှင့် နတ်ဆိုးဖယ်ရှား ခရမ်းရောင်ရွှေအား အလွန်အမင်း စိတ်ဝင်စားနေပေသည်။ သူတို့သည် လူများကို စေလွှတ်ကာ ဤသတ္တုများကို တူးဖော်နေလိုသည်။

ထိုအရင်းအမြစ်များကို ကုန်သွယ်သော နည်းလမ်းများဖြင့် ဝယ်ယူလျှင် တစ်ဘက်တွင် လိုသလောက် မရနိုင်သလို အခြားတစ်ဘက်တွင်လည်း အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက အလုံးစုံ ထိန်းချုပ်ထားခြင်းကို မဟာချင် အင်ပါယာက မတွေ့လိုနေခဲ့ပေ။

မဟာချင် အင်ပါယာသည် လူများရွှေ့ပြောင်းခြင်း စီမံချက်ကို အသုံးချကာ အံ့ဖွယ် ကောင်းကင်ကမ္ဘာအတွင်းသို့ ဝင်ရောက်နိုင်ချင်နေခဲ့သည်။ သူတို့သည် ဤအလယ်ကမ္ဘာကို ချဲ့ထွင်ထိန်းချုပ်ရန် မစဥ်းစားခဲ့သော်လည်း အံ့ဖွယ် ကောင်းကင်ကမ္ဘာအတွင်းမှ အဓိက အရင်းအမြစ်များကို တူးဖော်နေလိုခဲ့သည်။

လင်းဖုန်းနှင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် လူအများကို အံ့ဖွယ် ကောင်းကင်ကမ္ဘာသို့ ရွှေ့ပြောင်းလိုနေပြီး ထိုနေရာတွင် လူဦးရေ ထူထပ်အောင် လုပ်စေလိုနေသည်။ သူသည် ထိုနေရာတွင် လူအချို့ကို အခြေခံအနေဖြင့် ချထားရန် လိုအပ်နေသည်။ သို့သော်လည်း ယခုအချိန်တွင် နတ်ဘုရားနယ်မြေ အတွင်းတွင် သာမန်ပြည်သူများသည် တည်ငြိမ်သော ဘဝများ ရရှိနေကြကာ အခြားနေရာများသို့ ပြောင်းရွှေ့လေ့ မရှိကြပေ။

ဒါသည် ကျင့်ကြံမှုကမ္ဘာတစ်ခု ဖြစ်သော်လည်း လူအများသည် သူတို့၏ ဇာတိမြေကို ခင်တွယ်ကြ၏။ အခြားနေရာသို့ ပြောင်းရွှေ့အခြေချနေလိုသော လူများသည် အနည်းငယ်သာ ရှိ၏။

သူတို့အား အတင်းအကျပ် ဖိအားပေး၍ရသော်လည်း ဒါသည် ဉာဏ်ရှိသော အပြုအမူ မဟုတ်ပေ။

မဟာချင် အင်ပါယာ အတွင်းတွင် လူပေါင်းများစွာရှိကြသည်။ သူတို့သည် ရွှေ့ပြောင်းခြင်းကို တရားဝင် စီမံ၍ အံ့ဖွယ် ကောင်းကင်ကမ္ဘာ၏ သတင်းကို ဖြန့်ဖြူးပေးခြင်းဖြင့် ထိုသူများသည် လိုလိုလားလားဖြင့် ပြောင်းရွှေ့ကြမည် ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now