အပိုင်း ၄၀၉ - ၄၁၀

486 43 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၂ : အပိုင်း ၁၉

အပိုင်း ၄၀၉ : သူများ ဒုက္ခရောက်သည်ကို သာယာသူ

ယန်ချင်သည် ဝမ်လင်းနှင့် တွေ့ပြီးသောအခါ၊ သူသည် အသံလွှင့် ကျောက်တုံးဖြင့် လင်းဖုန်းအား ဆက်သွယ်လိုက်ကာ၊ သူ၏ စိတ်ငြိမ်းချမ်းမှုအတွက် ဝမ်လင်းထံသို့ ချောမောစွာ ရောက်ရှိကြောင်းကို သတင်းပို့လိုက်သည်။

ယန်ချင်၏ ကျင့်ကြံမှု အဓိက ပြဿနာမှာ၊ သူ၏ စိတ်အခြေအနေကို တည်ငြိမ်အောင် ထားနိုင်စွမ်း မရှိခြင်းပင် ဖြစ်သည်။ တိမ်တိုက်ရေပြင်ဂူ၏ ပျက်စီးသွားမှု၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဂုဏ်ကျက်သရေ၊ အစရှိသည်တို့သည် သူ့စိတ်အတွင်းမှ ဖိအားများ ဖြစ်သည်။ စိတ်စွမ်းအားသည် ယန်ချင်၏ အားနည်းချက် ဖြစ်၍၊ ဖိစီးမှုများ အားလုံးသည် သူ၏စိတ်ကို မတည်မငြိမ် ဖြစ်နေစေခဲ့သည်။

တစ်ဘက်တွင် သူသည် တိမ်တိုက်ရေပြင်ဂူ၏ အဖျက်ဆီး ခံရခြင်းကို မမေ့နိုင်ပေ။ သို့သော်လည်း တရားခံသည် မည်သူမှန်းကိုပင် မသိသဖြင့်၊ လက်စားချေရမည့် ပစ်မှတ်မရှိပဲ အမျက်ဒေါသနှင့် နောင်တရမှုများသည်၊ သူ၏စိတ်အတွင်းတွင် နက်ရှိုင်းစွာ ဝင်ရောက်နေခဲ့သည်။

အခြားတစ်ဘက်တွင်မူ လင်းဖုန်း၏ လက်ရင်းတပည့် တစ်ယောက် ဖြစ်သည့်အားလျှော်စွာ၊ သူ၏ဘေးမှ ရှောင်ယန်၊ ရှီထျန်းဟောင်၊ ဇူရီနှင့် ဝမ်လင်းတို့သည် သူတို့၏ ထူးချွန်ပြောင်မြောက်လှသည် ပင်ကို ပါရမီများဖြင့်၊ ကိုယ်ပိုင် ဇာတ်လမ်းများ ရှိကြသည်။

ဒါသည် ယန်ချင်အတွက် ဖိအားများကို အထူးတိုးစေခဲ့သည်။ သူ့အတွက်နှင့် လင်းဖုန်းနှင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းတို့သည် အရှက်ရမည်ကို စိုးရိမ်နေခဲ့သည်။ ပြင်ပလူများက လင်းဖုန်းအား တပည့်မရွေးတတ်ဟု အပြောခံရမည်ကို ပူပန်ကြောင့်ကြနေခဲ့၏။

ထိုကဲ့သို့သော ဖိအားမျိုးစုံအောက်တွင်၊ ယန်ချင်သည် သံကြိုးများနှင့် အနှောင်ဖွဲ့ခံထားနေရသကဲ့သို့ ဖြစ်နေခဲ့ကာ၊ သူ၏ စိတ်ဖိစီးမှုများသည် ပို၍ပို၍ ကြီးမားလာခဲ့၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now