အပိုင်း ၃၃၆ : ပြိုင်ဘက်ကင်း၊ တကယ့်ပြိုင်ဘက်ကင်း!

421 51 0
                                    

အပိုင်း ၃၃၆ : ပြိုင်ဘက်ကင်း၊ တကယ့်ပြိုင်ဘက်ကင်း!

ရှောင်ပုတန်သည် သူ၏ လက်နှစ်ဘက်စလုံးအား မြှောက်လိုက်ရာ၊ လုံးဝကွဲပြားနေသော်လည်း အချင်းချင်း နက်ရှိုင်းစွာ ဆက်သွယ်နေကြသော စွမ်းအားနှစ်မျိုးတို့သည် ပုန်းကွယ်နေသော နဂါးချောက် အတွင်းတွင် ထွက်ပေါ်လာကြသည်။

သူသည် ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ အတွင်းမှ 'ယု'နှင့် 'ကျိုး' မှော်ကျိန်စာ နှစ်မျိုးစလုံးကို တပြိုင်နက်တည်း ဖော်ထုတ်လိုက်ခြင်း ဖြစ်သည်။

အခြေခံအကျဆုံး အရပ်မျက်နှာ လေးခုအား 'ယု'ဟူသော စကားလုံးဖြင့် ကိုယ်စားပြုပြီး၊ အချိန်ဟူသည်မှာ အမြဲတမ်း 'ကျိုး'ဟူသော စကားလုံးဖြင့် ဖော်ပြခဲ့ခြင်းဖြစ်သည်။ အချိန်နှင့် လေဟာနယ်တို့၏ ပေါင်းစည်းခြင်း၊ 'ယု'နှင့်'ကျိုး'တို့သည် စကြာဝဠာကြီး၏ အစောဆုံးအဆင့်အား ကိုယ်စားပြုလေသည်။

ရှောင်ပုတန်၏ စွမ်းအားတို့သည် ကမ္ဘာအသစ်တစ်ခုအား ဖန်ဆင်းပေးနိုင်ခဲ့သည်။ ထိုကမ္ဘာသည် ဇူရီက ကောင်းကင် အလင်းနှင့်အမှောင် မန်ဒလာ မဟာနယ်နိမိတ်နှင့်၊ မဟာကောင်းကင် တာအိုကျမ်းစာ၏ အရေအတွက်သုံးခု အင်းရှစ်ကွက်တို့၏ စွမ်းအားတို့မှ ဖန်တီးခဲ့သော ကမ္ဘာများထက် ပို၍အသက်ဝင်နေ၏။ ပို၍ ပြည့်စုံနေ၏။ သူကခြုံငုံထားနိုင်သော စွမ်းအားများသည် ပို၍ အစွမ်းထက်နေ၏။

ပုန်းကွယ်နေသော နဂါးချောက်သည် တုန်ခါလာခဲ့၍၊ ချောက်အတွင်းမှ ကောင်းကင်ထက်တွင် မုတ်ဆိတ်မွေးနှင့် အဘိုးအိုတစ်ယောက်၏ ပုံရိပ်သည် ထင်ဟပ်လာခဲ့ကာ၊ ရှောင်ပုတန်လေးအား ယုံကြည်ရန်ခက်သည့် အကြည့်ဖြင့် ကြည်နေခဲ့သည်။

ထိုအဘိုးအိုသည် ဤမှော်ရတနာ၏ မူလဝိညာဉ်ဖြစ်သည်။ ဤအကြိမ်သည် စိတ်ဝိညာဉ် အစည်းအဝေး စတင်ကတည်းက ပထမဦးဆုံးအကြိမ်အဖြစ်၊ သူ့ကိုယ်သူ ဖော်ပြခဲ့ခြင်း ဖြစ်သည်!

သူသည် ရှောင်ပုတန်လေး၏ တိုက်ခိုက်မှုကြောင့် အလွန်အမင်းကို တုန်လှုပ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော ရှောင်ပုတန်လေး ဖန်ဆင်းလိုက်သော ကမ္ဘာငယ်လေးသည်၊ ပုန်းကွယ်နေသော နဂါးချောက်၏ အတွင်းမှ ကမ္ဘာနှင့် ပဋိပက္ခများကို ဖြစ်ပွားစေခဲ့သောကြောင့် ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now