အပိုင်း ၄၁၅ - ၄၁၆

413 46 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၃ : အပိုင်း ၅

အပိုင်း ၄၁၅ : အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲများ စုဝေးရောက်ရှိလာကြခြင်း

ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါသည် ဇူရီ၏ လက်အတွင်းသို့ ရောက်ရှိလာခဲ့သောအခါ၊ လင်းဖုန်း၏ လက်အတွင်းတွင် ရှိစဥ်ကကဲ့သို့ စွမ်းအားများ မကြီးမားခဲ့ပေ။ ထို့အပြင် သူသည် တကယ်ထိန်းချုပ်နေခြင်း မရှိပဲ၊ လင်းဖုန်း၏ အကူအညီ အောက်မှနေ၍ အလိုက်သင့် လိုက်ပါခဲ့ခြင်းသာ ဖြစ်၏။

သို့တိုင်အောင် ဤယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါသည်၊ မုတ်ဆိတ်ဖြူ အဘိုးအိုနှင့် နှင်းတောင်ထိပ် ဂရန်းမာစတာတို့ ခုခံနိုင်သော အရာတစ်ခု မဟုတ်ပေ။

နတ်ရေကန်ဂိုဏ်းမှ တပည့်များ အားလုံးတို့သည် ကျိန်ဆဲနေကြသော်လည်း၊ ဇူရီသည် ဝင်္ကပါအား ထုတ်လွှတ်လိုက်သည်နှင့် တပြိုင်နက် သူတို့အားလုံ ဖရိုဖရဲ ဖြစ်ကုန်ကြ၏။

မုတ်ဆိတ်ဖြူ အကြီးအကဲ၏ စကြာဝဠာ ပုံသဏ္ဌာန်နှင့် နှင်းတောင်ထိပ် ဂရန်းမာစတာ၏ ဓာတ်တော်တို့သည်၊ ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါကြောင့် အဝေးသို့ လွင့်စင်သွားကြသည်။

နှင်းတောင်ထိပ် ဂရန်းမာစတာသည် ရင်ကွဲနာကျ ဖြစ်နေခဲ့သည်။ သူသည် ထိုဓာတ်တော်အား ကျင့်ကြံခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်၍၊ သူ၏ စွမ်းအားများသည် သူ့ကိုယ်ပိုင် စွမ်းအားထက်ပင် ပို၍ မြင့်မားနေခဲ့၏။

သူ၏ တစ်မိသားစုလုံးအား ပေါင်းလိုက်လျှင်ပင်၊ ထိုဓာတ်တော်လောက် အဖိုးတန်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ယခုအချိန်တွင် သူသည် ဇူရီ၏ အလွယ်တကူ ယူဆောင်သွားခြင်းကို ခံခဲ့ရသည်။

နှင်းတောင်ထိပ် ဂရန်းမာစတာနှင့် ယှဥ်လိုက်လျှင်၊ မုတ်ဆိတ်ဖြူ အကြီးအကဲသည် ပို၍ပင် စိတ်ဓာတ်ကျနေခဲ့၏။

စကြာဝဠာ ပုံသဏ္ဌာန်သည် ကျင့်ကြံသူ တစ်ယောက်၏ မှော်စွမ်းအင် အနှစ်သာရဖြစ်၍၊ သူ့စွမ်းအားများ၏ အရင်းမြစ်လည်း ဖြစ်သည်။ သူသည် အင်မော်တယ် ဝိညာဥ် အဆင့်သို့ တက်လှမ်းရန်အတွက် အခြေခံလည်း ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now