အပိုင်း ၄၉၀ - ၄၉၁ - ၄၉၂

393 43 0
                                    

စာစဥ် ၂၆ : အပိုင်း ၂၀

အပိုင်း ၄၉၀ : ပျောက်ဆုံးသွားသော ဝမ်လင်း

မဟာလမင်းဓားနှင့် ယှဥ်လိုက်လျှင် ရှောင်ယမ်ဓားသည် တိတ်ဆိတ်နေသော်လည်း၊ သူသည် အဆက်မပြတ် ရုန်းကန်နေခဲ့၏။ အမှန်အတိုင်း ဆိုရလျှင် ပို၍ပင် ပြင်းထန်လာသေးသည်။

ပုံမှန်အချိန်တွင် အလွန်တည်ငြိမ်သည်ဟု ထင်နေရသော သူများသည်၊ အချို့နေရာများတွင် အလွန်ခေါင်းမာတတ်ကြသည်။

"အတိုင်းအတာ တစ်ခုအထိ မင်းက တကယ့်လူသားနဲ့ မကွာခြားဘူး" လင်းဖုန်းက ရယ်လိုက်၏။ "သနားစရာ ကောင်းတာက၊ ဒီနေရာမှာ အလုပ်မဖြစ်တာပဲ"

"တကယ်လို့မင်းက မဟာယာန အဆင့်မှာ ရှိခဲ့ရင်၊ ပြဿနာတွေကို ဖန်တီးနိုင်ဦးမယ်။ ဒါပေမဲ့ မင်းက ပွားစည်းခြင်း အဆင့်မှာသာ ရှိသေးပြီး၊ ပိုင်ရှင်လည်း မရှိတော့ ဘာမှ အကျိုးမရှိဘူး" လင်းဖုန်းသည် ကြည့်ပင်မကြည့်ပဲ သူ၏ ဘယ်ဘက်လက်အား ဆန့်တန်းလိုက်၏။ နောက်ထပ် မှော်စွမ်းအင် တစ်စသည် ခရမ်းရောင် လက်ကြီးအဖြစ်သို့ ပြောင်းသွားကာ၊ ရှောင်ယမ်ဓားကို ဆုပ်ကိုင်၍ ဖိညှစ်လိုက်သည်။

ဓားပေါ်မှ ရွှေရောင် ဓားအလင်းတန်းသည် ချက်ချင်းပင် ငြိမ်းသတ်သွားခဲ့၏။ ရှောင်ယမ်ဓားမှနေ၍ နာကျင်စွာ ငိုကြွေးနေသည့်အတိုင်း၊ စူးရှသော အော်ဟစ်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။

လင်းဖုန်းက ပြောလိုက်သည်။ "ငါကမင်းကို ခက်ခဲအောင် မလုပ်ချင်ဘူး။ ဒီနေရာမှာ ငြိမ်ငြိမ်လေး နေနေပါ"

ရှောင်ယမ်ဓားသည် လင်းဖုန်း၏ မှော်စွမ်းအင်များဖြင့် လုံးဝချုပ်နှောင်ခြင်းကို ခံခဲ့ရကာ၊ မလွတ်မြောက်နိုင်ခဲ့ပေ။ ဓားဝိညာဥ်သည် ယူကြုံးမရ ဖြစ်နေခဲ့သော်လည်း၊ သူသည် ဘာမှမတတ်နိုင်ခဲ့ပေ။ အခြားတစ်ဘက်တွင် မဟာလမင်းဓားမှာလည်း လင်းဖုန်း၏ ချုပ်နှောင်ခြင်းအား ခံခဲ့ရသည်။

ထိုဓားနှစ်ချောင်းစလုံးသည် ကောင်းကင်စကြာဝဠာ အလင်းတန်းကမ္ဘာအတွင်းသို့ ထည့်သွင်းခြင်း ခံလိုက်ရသည်။ သူတို့သည် ရွှေကျီး မဟာပဏ္ဍိတ၏ ဒုက္ခိတ စိတ်ဝိညာဥ်နှင့်အတူ၊ ဧရာမ ဓားအိမ်ကြီး၏ အောက်တွင် အဖိနှိပ်ကို ခံခဲ့ကြရသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now