အပိုင်း ၄၂၃ - ၄၂၄

414 42 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၃ : အပိုင်း ၁၃

အပိုင်း ၄၂၃ : တကယ်လို့ သေချာပြင်ဆင်မှုတွေ လုပ်ထားရင်၊ ပြဿနာတွေ မရှိနိုင်ဘူး

အခြေတည်ဝိညာဥ် အဆင့်မှ ဂရန်းမာစတာ အမြောက်အမြားတို့သည် တစ်ချိန်တည်းတွင် လှုပ်ရှားလိုက်ကြရာ၊ ၁၀ပေမှ ပေ၁၀၀ခန့်ထိ ရှိကြသော စကြာဝဠာ ပုံသဏ္ဌာန်ပေါင်း ဆယ်ခုခန့်တို့သည် စက်ဝိုင်း စိတ်ဝိညာဥ် ဝင်္ကပါ၏ အပေါ်တွင် ပြင်းထန်သော တိုက်ပွားတစ်ခုအား ဆင်နွဲလိုက်ကြ၏။

ဤတိုက်ပွဲမှ ထွက်လာသော လှိုင်းလုံးများသည်ပင်လျှင် ပင်လယ်ကြမ်းပြင် တစ်ခုလုံးအား ရှင်းလင်းသွားအောင် လုပ်နိုင်ပြီး၊ အားနည်းသော ကျင့်ကြံသူများအား တစ်ဘက်သို့ ပို့ဆောင်ပေးလိုက်သည်။

အစပထမတွင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များသည် စိတ်ဝိညာဥ် ဝင်္ကပါသို့ ရောက်လုနီးပါး ဖြစ်နေခဲ့သော်လည်း၊ တစ်ခဏ အတွင်းတွင် သူတို့သည် အစွန်အဖျားသို့ ရောက်ရှိသွားကြ၏။

လျှမ်ယွမ်၊ ရှီရှင်းယွမ်နှင့် ဂူလေနှင့် ကျန်သောသူများသည် သူတို့၏ အခြေတည်ဝိညာဥ် အဆင့်မှ အကြီးအကဲများ၏ ကာကွယ်မှုနှင့်အတူ၊ ဂူပေါက်ဝသို့ ပြေးသွားနေကြသည်။ သူတို့သည် အချင်းချင်းလည်း အဟန့်အတားများ ပြုလုပ်ခဲ့ကြသဖြင့်၊ ဂူပေါက်အရှေ့တွင် ရုန်းရင်းဆန်ခတ် အခြေအနေများ ဖြစ်ပေါ်နေကြသည်။

ရှီထျန်းဟောင်နှင့် ဇူရီတို့သည် တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်လိုက်ကြကာ၊ အပြုံးကိုယ်စီ ပြုံးလိုက်ကြ၏။ ရှီထျန်းဟောင်က ရယ်လိုက်ကာ၊ "ကျွန်တော်က တက်သွားတော့မယ်။ ဒုတိယ စီနီယာ၊ ပြင်ဆင်မှုတွေ လုပ်ထားပေတော့"

ဇူရီ၊ မြောင်ရှီးဟောင်၊ ခန်းနန်ဟွာနှင့် ကွေနွားဘုရင်တို့သည် သူတို့၏ခေါင်းများကို တပြိုင်နက်တည်း ညိတ်လိုက်ကြ၏။

ရှီထျန်းဟောင်သည် ဟိန်းဟောက်လိုက်ရာ၊ သူ၏ခန္ဓာကိုယ်တွင် မိုးကြိုးနှင့် လေပြင်းများက ထိုးတက်လာခဲ့သည်။

သူသည် မဟာပဏ္ဍိတ၏ အရေပြားကို သူ၏ကိုယ်တွင် ကပ်လိုက်ရာ၊ သူ၏ တစ်ကိုယ်လုံးသည် ရွှေရောင် အလင်းတန်းများနှင့် လင်းလက်လာခဲ့သည်။ သူသည် အလွန်ကို ကြမ်းတမ်းသည့်ပုံ ပေါက်သွားခဲ့သည်။ ရွှေရောင်အရေပြား အောက်တွင် အစိမ်းရောင် အလင်းတန်းများ လင်းလက်နေခဲ့၏။ ဒါသည် မဟာလမင်း အကြွင်းမဲ့ရေက သူ့၏ အသွေးအသားကို အားဖြည့်ပေးခြင်းကြောင့်၊ ပိုမိုသန်စွမ်းလာခြင်း ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now