အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို...

342 35 0
                                    

စာစဥ် ၃၄ : အပိုင်း ၁၇

အပိုင်း ၆၄၇ : ဂျူနီယာ တပည့်တွေက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နာမည်ကို ဆက်လက်ထိန်းသိမ်းနိုင်မလား

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ တပည့်များကို တတိယအကြိမ်အဖြစ် လက်ခံမည့်သတင်းသည် နတ်ဘုရားနယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ကာ ကြီးမားစွာ ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။

ဤအချိန်တွင် ကျန်သောနှစ်ခေါက်နှင့် မတူပဲ လင်းဖုန်းသည် ရှောင်ယန်၊ ဇူရီနှင့် ကျန်သောသူများအား မတူညီသော ဒေသအသီးသီးသို့ စေလွှတ်ခဲ့သည်။ သူတို့တစ်ယောက်ချင်းသည် ဒေသတစ်ခုကို တာဝန်ယူရကာ အလားအလာရှိသော တပည့်များကို လက်ခံကြရမည် ဖြစ်သည်။ ပြီးတာနှင့် သူတို့သည် ထိုတပည့်များကို တောင်ပေါ်သို့ ခေါ်လာကြမည် ဖြစ်သည်။

ဤနည်းလမ်းဖြင့် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ လွှမ်းမိုးမှုသည် ပိုမိုကျယ်ပြန့်လာခဲ့မည် ဖြစ်သည်။  ဝင်ရန်ဆန္ဒရှိသောသူများအတွက်လည်း ပိုမိုလွယ်ကူသွားမည် ဖြစ်သည်။

လင်းဖုန်းရွေးချယ်ခဲ့သော ဒေသများသည် အသေအချာ ရွေးချယ်ထားခဲ့ခြင်း ဖြစ်သည်။ သူ့မဟာမိတ်များ၏ နယ်မြေများကို မိတ်ပျက်လောက်အောင် အလွန်အကျွံ ရွေးချယ်ခြင်းမျိုး မပြုလုပ်ခဲ့ပေ။ သို့သော်လည်း ထိုဒေသများကို ရှောင်ရှားခြင်းမျိုးလည်း မလုပ်ခဲ့ပေ။

သူတို့သည် ဤနှစ်များအတွင်းတွင် သိုသိုသိပ်သိပ် နေခဲ့သော်လည်း အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ စွမ်းအားကို မည်သူကမှ လျှော့မတွက်ရဲကြပေ။

မဟာအင်အားစုများ အသီးသီးတို့ကိုလည်း ခွန်းလွန်တောင်သို့ လာရောက်ရန် ဖိတ်စာများကို ပေးပို့ခဲ့သည်။

ဇူရီတာဝန်ကျသော နေရာမှာ ခရမ်းရောင် တိမ်တိုက်ဂိုဏ်း အနီးမှ မဟာကျိုး အင်ပါယာ၏ နယ်နိမိတ် အတွင်းတွင် ဖြစ်သည်။ သူသည် ထိုအင်အားစု နှစ်ခုတို့အား ခွန်းလွန်တောင်သို့ ဖိတ်ခေါ်ရန်လည်း တာဝန်ယူထားရသည်။

ခရမ်းရောင် တိမ်တိုက်ဂိုဏ်းမှ အပြာရောင်ခန်းမ သူတော်စင်သည် ဇူရီအား လက်ခံတွေ့ဆုံခဲ့သည်။ ဇူရီသည် သူ၏ ဖိတ်စာအား သူ့ကိုပေးလိုက်သည်။ ပြီးတာနှင့် အပြာရောင်ခန်းမ သူတော်စင်သည် သူတို့၏ ဂိုဏ်းခေါင်းဆောင် မိုးကြိုးတိမ်တိုက် သူတော်စင်ထံသို့ လက်ဆင့်ကမ်းပေးလိုက်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now