အပိုင်း ၄၂၇ - ၄၂၈

347 41 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၃ : အပိုင်း ၁၇

အပိုင်း ၄၂၇ : အန္တရာယ်

လူသားကလန်သည် အင်မော်တယ် ဝိညာဥ် အဆင့်ကို လေ့ကျင့်ကြ၍၊ မိစ္ဆာကလန်သည် မသေဝိညာဥ် အဆင့်အား ကျင့်ကြံကြသည်။ အမှန်အားဖြင့်ဆိုသော် သူတို့၏ အသက်သည် အလွန်အမင်းရှည်ကြ၍၊ အကန့်အသတ်မဲ့လုနီးပါး ဖြစ်သည်။

သို့သော်လည်း ဒါသည် သူတို့က မသေနိုင်ဟု မဆိုလိုပေ။ သူတို့သည် အားကောင်းလှသော ပြင်ပစွမ်းအားစုတို့၏ သတ်ဖြတ်ခြင်းကို ခံရနိုင်သည်။

ဥပမာအနေဖြင့် ရွှေကျီး မဟာပဏ္ဍိတ၏ ရုပ်ကိုယ်ခန္ဓာသည် ပျက်စီးလုနီးပါး ဖြစ်နေခဲ့၍၊ သူ၏ စိတ်ဝိညာဥ်သည်လည်း အဖိနှိပ်ခံနေရသည်။ သို့သော်လည်း သူသည် သေဆုံးခြင်း မရှိသေးပေ။ သူသည် ဘဝကို အသစ်တစ်ဖန် ပြန်စ၍ ရနိုင်သော်လည်း၊ ယခင်က စွမ်းအားများကို ပြန်ရနိုင် မရနိုင်ဆိုသည်မှာ ကွဲပြားသော အကြောင်းအရာ တစ်ခုဖြစ်သည်။

သို့သော်လည်း ရှေးဟောင်းခွန်းဖန်၏ စိတ်ဝိညာဥ်သည် လုံးဝပျက်စီးသွားခဲ့ပြီ ဖြစ်ကာ၊ ရုပ်အကြွင်းအကျန်သာ ကျန်ရစ်ခဲ့သည်။ ဤကဲ့သို့သော အခြေအနေတွင် ထပ်မံ၍ သေဆုံးရန်ပင် မဖြစ်နိုင်တော့ပေ။ သူ၏ ရုပ်အလောင်းမှာ မိစ္ဆာစွမ်းအားများ ကျန်ရှိနေကာ၊ လက်ရှိခွန်းဖန် လျှို့ဝှက်ကျမ်းစာ ဖြစ်လာခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင် လင်းဖုန်းနှင့် ကျန်သောသူများသည်၊ အတိတ်မှ ကြီးစိုးလွှမ်းမိုးနိုင်သည် မိစ္ဆာမှာ ပြန်လည်ရှင်သန်လာသည်ဟု အသေအချာ ခံစားနေကြရသည်!

ခွန်းဖန်း မဟာပဏ္ဍိတသည် ထိုကဲ့သို့သော စွမ်းအားများ မရှိနိုင်ပေ။ ထိုကဲ့သို့သာ မိစ္ဆာတစ်ကောင်၏ အရှေ့တွင်၊ သူသည် ကလေးတစ်ယောက်နှင့်ပင် တူနေပေလိမ့်မည်။

ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ အတွင်းတွင် ယင်နှင့်ယန်တို့၏ စီးဆင်းမှုကို နှောင့်ယှက်နေသည့်၊ ကြောက်မက်ဖွယ်ရာ မှော်စွမ်းအင် တုန်ခါမှုတစ်ခု ပေါ်လာခဲ့သည်။ ခွန်းဖန် လျှို့ဝှက်ကျမ်းစာသည် လေဟာနယ်မှ သွေဖယ်လာခဲ့၍၊ သူ၏ တည်ဆောက်ပုံသည် အဆက်မပြတ် ပြောင်းလဲနေခဲ့ကာ၊ နတ်ဘုရား နယ်မြေမှ မူလကောင်းကင် ကမ္ဘာနှင့် ပေါင်းစပ်လာခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now