အပိုင်း ၆၅၁ - ၆၅၂ - ၆၅၃ - ၆၅၄ - ၆၅၅

461 34 1
                                    

စာစဥ် ၃၅ : အပိုင်း ၁

အပိုင်း ၆၅၁ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ပုန်းကွယ်နေသော ပြဿနာများ

လင်းဖုန်းသည် သူ၏အကြည့်အား ရုပ်သိမ်းလိုက်ကာ သူ၏ဘေးမှ အနက်ရောင် ကိုယ်ကျပ်ဝတ်စုံနှင့် ကြည့်၍ကောင်းသော လူငယ်လေးအား ကြည့်လိုက်သည်။

ထိုလူငယ်သည် ထက်မြက်၍ ရင့်ကျက်သော ပုံစံဖြင့် ဆရာတစ်ယောက်၏ အနေအထားမျိုးရှိသည်။ သူသည် လင်းဖုန်း၏ အကြီးဆုံးတပည့် ရှောင်ယန်ဖြစ်၏။

ရှောင်ယန်က ပြောလိုက်သည်။ "ဂိုဏ်းငယ်အချို့ကလွဲရင် သံသရာဂိုဏ်းရဲ့ ကောင်းကင်လမ်းစဥ် အပါအဝင် ယင်တောင်ထိပ်ကို ရောက်လာတဲ့ မဟာအင်အားစု ကိုးစုရှိတယ်"

"သူတို့က မြောက်ပိုင်းမျိုးနွယ်စုတို့၏ တော်ဝင်အိမ်တော်၊ ခရမ်းရောင် တိမ်တိုက်ဂိုဏ်း၊ လျှပ်စီးဓားဂိုဏ်း၊ မဟာလွင်တီးခေါင် ဓားဂိုဏ်း၊ အလင်းဓားမြန်ဂိုဏ်း၊ သံသရာဂိုဏ်းရဲ့ ငရဲလမ်းစဥ် ၊ ကောင်းကင်လမ်းစဥ်နဲ့ အနီရောင် တိမ်တိုက်ဂိုဏ်းတို့ ဖြစ်ကြတယ်"

အနီရောင် တိမ်တိုက်ဂိုဏ်းသည် ခွန်းလွန်တောင်ခြေ မြောက်ပိုင်းမှ ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ လေနတ်ဘုရားဂိုဏ်း ပျက်ဆီးသွားသောအခါ ခွန်းလွန်တောင်ခြေ မြောက်ပိုင်းတွင် သူတို့သည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ဘက်သို့ ပထမဆုံး လာရောက်ရပ်တည်နေကြသူများ ဖြစ်ကြသည်။ အံ့ဖွယ် ကောင်းကင်ကမ္ဘာအား စတင်တွေ့ရှိခဲ့သော အချိန်တွင်လည်း သူတို့သည် ပထမဆုံး ဂုဏ်ပြုခဲ့သူလည်း ဖြစ်၏။

ထိုဂိုဏ်း၏ စွမ်းအားများမှာ သိပ်တော့ မကြီးလှချေ။ သူတို့တွင် အင်မော်တယ်ဝိညာဥ် အဆင့်မှ အကြီးအကဲများ မရှိကြသော်လည်း အခြေတည် ဝိညာဥ် အဆင့်မှ ဂရန်းမာစတာများ များစွာရှိကြသည်။ သူတို့၏ စွမ်းအားနှင့် အလားအလာများမှာလည်း သိပ်မဆိုးလှချေ။ သူတို့သည် ထာဝရ တောင်တန်းဂိုဏ်းနှင့် သိပ်မကွာလှပေ။ အခြေခံအားဖြင့် သူတို့သည် ခွန်းလွန်တောင်ခြေ တဝိုက်တွင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ အကြီးမားဆုံး ထောက်ခံသူများ ဖြစ်ကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now