အပိုင်း ၃၇၇ - ၃၇၈

437 46 2
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၁ : အပိုင်း ၇

အပိုင်း ၃၇၇ : သံသရာဂိုဏ်း၏ အလည်အပတ် ရောက်ရှိလာခြင်း

ကျွင်းကျိနင်သည် တောက်ပစွာ ပြုံးနေခဲ့သော်လည်း၊ သူမ၏ အပြုံးအတွင်းတွင် စိုးရိမ်ပူပန်မှု များစွာတို့ကို ကွယ်ဝှက်ထားကြောင်းကို လင်းဖုန်းက တွေ့နေရသည်။

"အိမ်ကထွက်ပြေးချင်နေတဲ့ အလိုအလိုက်ခံထားရတဲ့ နောက်ထပ် သမီးပျိုတစ်ယောက်" လင်းဖုန်းက ခေါင်းခါလိုက်သည်။ သူသည် ကျွင်းကျိနင်အား ကြည့်လိုက်ကာ မေးလိုက်သည်။ "မင်းကဒီမှာ နေချင်သေးတယ်ဆိုရင်၊ ငါအတွက် ကိစ္စမရှိပါဘူး။ ဒါပေမဲ့ မင်းရဲ့ မိသားစုဝင်တွေ၊ ဒါမှမဟုတ် ခရမ်းရောင် တိမ်တိုက်ဂိုဏ်းက လာပြီးတော့ မင်းကို ကြိုမယ်ဆိုရင်တော့၊ ငါကသူတို့ကို တားမှာမဟုတ်ဘူး"

ကျွင်းကျိနင်၏ အပြုံးသည် အေးခဲသွားခဲ့ကာ၊ သူမသည် လေလျော့သွားသွာ ပူပေါင်းတစ်လုံးကဲ့သို့ ဖြစ်သွားခဲ့၏။ သူမသည် လော်ချင်းဝူနှင့် လော်ချီတို့အား သနားစဖွယ်ကြည့်လိုက်သည်။

သူတို့က ရှေးဟောင်းယွင်ထန်း ကမ္ဘာအတွင်းသို့ ပြန်သွားသောအခါ၊ လော်မိသားစုသည် သူမက လင်းဖုန်းနှင့် အဆက်အသွယ်ရှိခဲ့မှန်းကို သိပေလိမ့်မည်။

လော်ချင်းဝူနှင့် သူမတို့သည် လော်ချီ၏ စောင့်ရှောက်မှုဖြင့် နတ်ဘုရား နယ်မြေအတွင်းသို့ လာခဲ့သည့် သတင်းသည်၊ ရှေးဟောင်းယွင်ထန်း ကမ္ဘာအတွင်းသို့ ရောက်ရှိသွားပါက၊ ကျွင်းမိသားစုသည် သူမက လင်းဖုန်းထံတွင် ရှိနေမည်ကို ခန့်မှန်းနိုင်မည် ဖြစ်သည်။

လင်းဖုန်း၏ စကားအရဆိုလျှင် အကယ်၍ ကျွင်းမိသားစုက ရောက်မလာခဲ့လျှင်၊ သူသည် စတင်၍ မည်သူ့ကိုမှ ပြောပြမည် မဟုတ်ချေ။ သို့သော်လည်း သူတို့က သူမအကြောင်း စုံစမ်းခဲ့သည်ရှိသော်၊ လင်းဖုန်းသည် အမှန်တရားကို ပြောပြလိမ့်မည် ဖြစ်သည်။

ကျွင်းကျိနင်သည် သူမဖခင်၏ ဒေါသအကြောင်းကို ပြန်လည်စဥ်းစားမိလိုက်သော်၊ သူမ၏ ကျောရိုးတစ်လျှောက်တွင် စိမ့်ကနဲ ဖြစ်သွားခဲ့၏။ သူမသည် လော်ချီ၏ လက်မောင်းကို ကိုင်လိုက်ကာ ခါယမ်းလိုက်သည်။ "ဂရန်းမာစတာလော်၊ ကျွန်မရဲ့ အဖေနဲ့ အဘိုးတို့က ကျွန်မအကြောင်းကို မေးခဲ့ရင်၊ ကျွန်မနဲ့ အဆက်အသွယ်ပြတ်သွားတယ်လို့ ပြောပေးပါနော်၊ ကျွန်မဒီမှာ ရှိနေကြောင်းကို မပြောပြပါနဲ့"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now