အပိုင်း ၆၄၆ : အန္တရာယ်နှင့် အခွင့်အရေးတို့သည် ဒွန်တွဲနေကြသည်

371 39 0
                                    

စာစဥ် ၃၄ : အပိုင်း ၁၆

အပိုင်း ၆၄၆ : အန္တရာယ်နှင့် အခွင့်အရေးတို့သည် ဒွန်တွဲနေကြသည်

လင်းဖုန်းသည် ကောင်းကင်စကြာဝဠာ အလင်းတန်း ကမ္ဘာအတွင်းတွင်းတွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။ သူ၏အရှေ့တွင် သုံးပေခန့်ရှိသော ဧရာမ ဆေးမီးဖိုတစ်ခု ရှိနေခဲ့၏။ ထိုဆေးမီးဖိုသည် တောင်တန်းနှင့် မြစ်ပြင်တို့၏ ပုံရိပ်များကို ထွင်းထုထားသည်။ ဒါသည် တောင်တန်းမြစ်ပြင် သူတော်စင်၏ မှော်ရတနာ တစ်ခုဖြစ်သော တောင်တန်းမြစ်ပြင် ဆေးမီးဖိုဖြစ်သည်။

ထိုဆေးမီးဖို၏ အနားတွင် ပို၍သေးငယ်သော ဗလာနတ္တိ အစိမ်းရောင် ဆေးမီးဖိုလေး ကိုးခုတို့က ရှိနေကြသည်။ သူတို့သည် ဝင်္ကပါတစ်ခုပုံစံကို ဖော်ဆောင်ထားနေကြသော်လည်း အလယ်တွင် ရှိနေသော တောင်တန်းမြစ်ပြင် ဆေးမီးဖိုအား ကာကွယ်နေကြခြင်း မရှိကြပေ။

ဗလာနတ္တိ အစိမ်းရောင် ဆေးမီးဖို ကိုးခုတို့သည် ပေါင်းဆုံသွားကြသောအခါ သူတို့၏ အစွမ်းများကို ထုတ်ဖော်ပြသခဲ့သည်။ သူတို့သည် အခြေတည် ဝိညာဥ် အဆင့်မှ မှော်အိုင်တမ်များသာ ဖြစ်ကြသော်လည်း သူတို့သည် ဝင်္ကပါပုံစံအဖြစ် ဖန်ဆင်းသွားကြပြီးသောအခါ တောင်တန်းမြစ်ပြင် ဆေးမီးဖိုနှင့် ဆက်သွယ်နိုင်ခဲ့ကြသည်။ သူတို့၏ စွမ်းအားများသည် မနိမ့်ကျနေခဲ့ပေ။

ဗလာနတ္တိ အစိမ်းရောင် ဆေးမီးဖိုလေး ကိုးခုတို့က ဖန်ဆင်းထားသော ဝင်္ကပါသည် ထူးခြားဆန်းကြယ်သော စွမ်းအား သဘောတရားများကို ဖန်ဆင်းနိုင်ခဲ့ကာ ဟင်းလင်းပြင် လေဟာနယ်ကို လှုပ်ခါနိုင်ခဲ့သည်။

လင်းဖုန်းသည် ထိုအရာကို တွေ့လိုက်သောအခါ ချောင်ဝေက လိမ်ညာနေခြင်း မရှိသည်ကို သိခဲ့လိုက်သည်။ ဗလာနတ္တိ အစိမ်းရောင် ဆေးမီးဖိုလေး ကိုးခုတို့မှာ တောင်တန်းမြစ်ပြင် သူတော်စင်ကိုယ်တိုင် ကျင့်ကြံထားခြင်း ဖြစ်သည်။

ထိုဆေးမီးဖိုလေး ကိုးခုတို့သည် မှော်အိုင်တမ်များသာ ဖြစ်ကြသော်လည်း သူတို့ဖန်ဆင်းထားကြသော ဝင်္ကပါပုံစံသည် တောင်တန်းမြစ်ပြင် သူတော်စင်၏ အင်မော်တယ်ဝိညာဥ်၏ သော့ချက်ဖြစ်သည်။ တောင်တန်းမြစ်ပြင် ဆေးမီးဖိုသည် သူက အင်မော်တယ်ဝိညာဥ်အား ဖန်ဆင်းပြီးမှ ကျင့်ကြံထားခဲ့ခြင်း ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now