အပိုင်း ၅၈၃ : တစ်ကျော့ပြန်လာခြင်း

306 40 0
                                    

စာစဥ် ၃၁ : အပိုင်း ၁၃

အပိုင်း ၅၈၃ : တစ်ကျော့ပြန်လာခြင်း

သူတို့နှစ်ယောက်စလုံးတို့သည် ဒဏ်ရာများ အပြင်းအထန် ရရှိခဲ့ကြသော်လည်း လူငယ်နှစ်ယောက် စလုံးတို့သည် မားမားမတ်မတ် ရပ်နေကြကာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။

ရှီထျန်းဟောင်၏ ခန္ဓာကိုယ်တွင် ဧရာမဒဏ်ရာကြီးတစ်ခု ပေါ်လာခဲ့၏။ ဒါသည် သူ၏ ဖျက်ဆီး၍မရသော ရုပ်ခန္ဓာကိုယ်အား ပျက်စီးသွားစေခဲ့ခြင်း ဖြစ်သည်။ ဒဏ်ရာတစ်ခု ပေါ်လာခဲ့သည်နှင့် သူ၏ ခံစစ်စွမ်းအားများသည် များစွာကျဆင်းသွားမည် ဖြစ်သည်။

ရှီထျန်းရီသည် သူ၏ညာလက် ဆုံးရှုံးသွားရုံသာ မကချေ။ သူသည် ချုံးကောင်းကင် သတ်ဖြတ်ခြင်းတစ်ထောင် နည်းစနစ်အား အသုံးပြုခဲ့သောအခါ သူ၏ စွမ်းအားများ အားလုံးတို့အား စုစည်းအသုံးပြုခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်သာ ပျက်စီးခဲ့သည်မဟုတ်ပဲ သူ၏ စိတ်ဝိညာဥ်နှင့် အခြေတည် ဝိညာဥ်တို့ပါ ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

ရှီထျန်းရီ၏ ညာမျက်စိသည် အလင်းတန်းများဖြင့် လင်းလက်လာခဲ့သည်။ ယခင်က မကြုံဖူးသည့် တောက်ပမှုများဖြင့် လင်းလက်လာခဲ့၍ ထူးခြားဆန်းကြယ်သော စွမ်းအားများကို ထုတ်လွှတ်နေခဲ့သည်။

သူသည် ရွှေရောင်အလင်းတန်းများအဖြစ်သို့ ပြောင်းသွားခဲ့ကာ ရှီထျန်းရီ၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားခဲ့၏။ အလင်းတန်းများ အတွင်းတွင် မှော်သင်္ကေတများစွာတို့ ပေါ်လာခဲ့သည်။

"ငါ့ရဲ့ ဒွိစုံသူငယ်အိမ်က အမြဲတမ်း အစွမ်းအထက်ဆုံးပဲ" ရှီထျန်းရီ၏ လေသံသည် တည်ငြိမ်နေခဲ့ကာ သူ၏ဘယ်မျက်စိဖြင့် လူအုပ်ကြီးအား ဝေ့ကြည့်လိုက်ကာ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဝမ်လင်းထံသို့ ကျရောက်သွားခဲ့သည်။

သူ၏စကားဆုံးသည်နှင့် တစ်ယောက်သည် ရှီထျန်းရီ ရှိနေသော လေဟာနယ်က ပုံပျက်သွားသည်ကို တွေ့လိုက်ရ၏။ အစောပိုင်းတွင် ရှီထျန်းဟောင်၏ တိုက်ခိုက်မှုကြောင့် ပြတ်သွားသောလက်မှာ ထိုအလင်းရောင်များ အတွင်းတွင် ထပ်ဖန်တခါ ပေါ်ပေါက်လာခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now