အပိုင်း ၅၁၆ - ၅၁၇ - ၅၁၈

415 47 2
                                    

စာစဥ် ၂၈ : အပိုင်း ၆

အပိုင်း ၅၁၆ : ကမ္ဘာ အဆုံးသတ် မိစ္ဆာဘုန်းကြီး၊ ဗီရိုကာနာ ကမ္ဘာ

ဤကောင်းကင်ကမ္ဘာဖျက် မီးတောက်အတွင်းတွင် ပုန်းကွယ်ထားသော မှော်စွမ်းအင်သည်၊ ဗုဒ္ဓစွမ်းအား အရင်းအမြစ်ဖြစ်သည့် ဗီရိုကာနာ ဖန်သန့်စင်ခြင်း မီးတောက်ဖြစ်သည်။ ဒါသည် သန့်စင်၍ အစွန်းအထင်း တစ်ခုမှ မရှိပဲ၊ လုံးဝကို ထွင်းဖောက်မြင်နေနိုင်သည့် ဗုဒ္ဓမီးတောက်ဖြစ်၏။  သူသည် အကြွင်းမဲ့မီးတောက် ခုနှစ်ပါး အတွင်းတွင် ထည့်သွင်းခြင်းကို မခံခဲ့ရသော်လည်း၊ သူ၏ အနှစ်သာရများသည် အမျက်ဒေါသ အေကာလာမီးတောက်ထက်ကို အထက်တန်းကျပေသည်။

ကောင်းကင်ကမ္ဘာဖျက် မီးတောက်အား ချေဖျက်ထိန်းချုပ် လိုသောသူများ၏ အကြီးမားဆုံး အခက်အခဲမှာ၊ ဤဖြစ်စဥ်သည် တစ်ယောက်၏ ကိုယ်ပိုင် မှော်စွမ်းအင် ထုတ်သုံးမှုများကို လိုအပ်ခြင်း ဖြစ်သည်။ သို့သော်လည်း သင်သည် ကိုယ်ပိုင် မှော်စွမ်းအင်များဖြင့် ထိုမီးတောက်ကို ချေဖျက်ရန် ကြိုးစားပါက၊ သူတို့သည် ကောင်းကင်ကမ္ဘာဖျက် မီးတောက်၏ ဝါးမျိုခြင်းကို ခံရမည်သာ ဖြစ်၏။

သန့်စင်မှုဖြစ်စဥ်သည် မအောင်မမြင် ဖြစ်သွားမည်ဖြစ်ကာ၊ ထည့်သွင်းထားသော မှော်စွမ်းအင်များသည် မီးတောက်များ၏ လောင်စာအရင်းအမြစ် ဖြစ်သွားမည် ဖြစ်၍၊ သူ့အား ပို၍ပင် ကြီးမားသန်မာစွာဖြင့် တောက်လောင်စေခဲ့မည် ဖြစ်သည်။ မီးတောက်က ပိုကြီးလာလေလေ၊ သူ့အား သန့်စင်ချေဖျက်ရန် ခက်ခဲမည်ဖြစ်ကာ ဤသို့ပင် သံသရာလည်နေမည် ဖြစ်သည်။

ထို့ကြောင့်ပင် သမိုင်းသက်တမ်း တစ်လျှောက်တွင်၊ ကောင်းကင်ကမ္ဘာဖျက် မီးတောက်ကို ထိန်းချုပ်အသုံးပြုနိုင်သည့် ကျင့်ကြံသူများ အနည်းငယ်သာ ရှိခြင်း ဖြစ်သည််

အခြားတစ်ဘက်တွင် ဗီရိုကာနာ ဖန်သန့်စင်ခြင်း မီးတောက်သည်၊ သဘာဝအားဖြင့် ခက်ထန်ကြမ်းကြုတ်ခြင်း မရှိပေ။ ထို့အစား သူ့တွင် ထူးခြားသော ဝိသေသ လက္ခဏာတစ်ခု ရှိ၏။ သူ့တွင် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်စေသော အစွမ်းသတ္တိရှိ၍၊ အဆုံးတိုင်အောင် မလှုပ်မရှားတတ်ပေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now