အပိုင်း ၄၉၆ - ၄၉၇ - ၄၉၈

422 49 0
                                    

စာစဥ် ၂၇ : အပိုင်း ၆

အပိုင်း ၄၉၆ : လော်ချင်းဝူ၏ အကြံအစည်

ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်မှ ကျင့်ကြံသူများသည် နောက်ဆုံးအဆင့်သို့ တက်လှမ်းလိုလျှင်၊ သူတို့သည် ယင်လေပြင်း ကပ်ဘေးကို အရင်ကျော်လွှားရမည် ဖြစ်သည်။

ကျင့်ကြံသူတစ်ယောက်သည် စိတ်ဝိညာဥ် စွမ်းအင်များကို စုစည်းကာ၊ ယင်လေပြင်း ကပ်ဘေးအား ကျော်ဖြတ်ရမည် ဖြစ်သည်။ သူသည် ပြီးတာနှင့် သူ၏ခေါင်းပေါ်မှ 'ပိုင်ဟွေ့' သွေးကြောအမှတ်ထံမှ ထွက်သွားကာ၊ သူ၏ဝိညာဥ်သည်လည်း ခန္ဓာကိုယ် အတွင်းမှ ထွက်သွားမည် ဖြစ်သည်။ သူ့အား ရပ်တန့်နိုင်မည် မဟုတ်ပဲ၊ သူ၏ဝိညာဥ်သည် လေဟာနယ်တွင် လွင့်မျောနေမည် ဖြစ်၏။

ယင်မီးတောက် ကပ်ဘေးသည် ရွှေရောင်ဗဟိုချက်မှ မသန့်စင်မှုများကို ဖယ်ရှားပစ်ခြင်း ဖြစ်၍၊ ယင်လေပြင်း ကပ်ဘေးက ရွှေရောင်ဗဟိုချက်၏ မျက်နှာပြင်ကို ချောမွေ့သွားအောင် လုပ်ခြင်းဖြစ်သည်။

ဤအတားအဆီး နှစ်ခုကို ကျော်ဖြတ်ပြီးလျှင်၊ ကျင့်ကြံသူ တစ်ယောက်၏ ရွှေရောင်ဗဟိုချက်သည် ပြီးပြည့်စုံသွားပြီဟု ပြော၍ရသည်။ ဒါသည် အခြေတည် ဝိညာဥ်ကို ဖော်ဆောင်ရန် ပြင်ဆင်ခြင်းလည်း ဖြစ်၏။

ဇူရီသည် ယင်လေပြင်း ကပ်ဘေးကို စတင်စိန်ခေါ်ကာ၊ ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်သို့ တက်လှမ်းနိုင်ရန် ကြိုးစားနေသည်။

ဒါသည် တစ်ယောက်မှ မရှောင်ရှားနိုင်သော အတားအဆီး ဖြစ်၏။ ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်ကို တက်လှမ်းလိုသော ကျင့်ကြံသူတိုင်းသည်၊ ထိုအတားအဆီးကို ဖြတ်ကျော်ရမည် ဖြစ်သည်။

စနစ်ကြီးက ဆုချသည့် အနေဖြင့် တိုက်ရိုက်အဆင့်တက်နိုင်ခဲ့သည် လင်းဖုန်းပင်၊ ယင်လေပြင်း ကပ်ဘေးအား ရင်ဆိုင်ခဲ့ရသေး၏။ သို့သော်လည်း သူ၏ စုဆောင်းမှုများမှာ လုံလောက်နေပြီး၊ တာအိုနည်းစနစ်များကို သဘောပေါက်မှုများမှာ အလွန်နက်ရှိုင်းလှသောကြောင့်၊ ယင်လေပြင်း ကပ်ဘေးမှ မည်သည့်အန္တရာယ်များကို မရင်ဆိုင်ခဲ့ရပေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now