အပိုင်း ၃၈၅ - ၃၈၆

415 46 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၁ : အပိုင်း ၁၅

အပိုင်း ၃၈၅ : ယုကျင်းတောင်က ဘယ်မှာလဲ

သေမင်းအော်ရာများနှင့် ပြည့်နှက်နေသော အနက်ရောင် ဓားပေါင်းတို့သည်၊ ရာနှင့်ထောင်နှင့် ချီပြီးမှ ယုရှင်းတောင်၏ ရေခဲဝိညာဥ် ထံသို့ ပျံသန်းလာကြသည်။

ဓားများသည် ရေခဲဝိညာဥ် အနားသို့ ရောက်လာကြသည်နှင့်၊ ပတ်ဝန်းကျင် ပတ်ပတ်လည်မှ ရေခဲများသည် ပြိုကွဲကုန်ကြ၏။

ယုရှင်းတောက်၏ အနက်ရောင် ရေခဲဝိညာဥ်သည် စတင်၍ ပြင်းထန်စွာ တုန်ခါလာခဲ့၏။ သို့သော်လည်း ဓားများ၏ တိုက်ခိုက်မှုကို ခံခဲ့ရအပြီးတွင်၊ သူသည် အကောင်းပကတိအတိုင်းသာ ရှိနေခဲ့သေးသည်။

အေးစက်သော အော်ရာများသည် ထပ်မံ၍ ပေါ်ပေါက်လာကြပြန်ကာ၊ ဓားများကို အေးခဲစေခဲ့၏။ သူတို့အားလုံးတို့သည် အနက်ရောင် ရေခဲသလင်းကျောက်များ အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူတို့သည် တုန်ခါလာခဲ့၍၊ အမှုန့်များအဖြစ်သို့ ကြေမွသွားကြလေသည်။

လင်းဖုန်းက ထိုမြင်ကွင်းအား မြင်လိုက်သောအခါ စဥ်းစားလိုက်သည်။ "ငါ့ရဲ့ မူလ ခန္ဓာကိုယ် မရှိခဲ့တော့၊ ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါရဲ့ စွမ်းအင်ကို အပြည့်အဝ မထုတ်နိုင်ခဲ့ဘူး"

ယုရှင်းတောက်သည်လည်း ထိုအချက်အား သဘောပေါက်မိဟန် ရှိသည်။ အနက်ရောင် ရေခဲဝိညာဥ်ထံမှ အေးစက်သော အော်ရာများသည် ပို၍ပို၍ ပြင်းထန်လာခဲ့ကာ၊ ဝင်္ကပါအား အဆက်မပြတ် တိုက်ခိုက်လျှက်ရှိသည်။

လင်းဖုန်းသည် ထိုမြင်ကွင်းအား မြင်လိုက်သောအခါ ရယ်လိုက်သည်။ "မင်းကို သတ်ချင်ရင်တော့ အတော်ခက်မယ်။ ဒါပေမဲ့ ချုပ်နှောင်ထားဖို့ ဆိုရင်တော့၊ သိပ်မခက်လှပါဘူး"

သူသည် လက်နှစ်ဘက်ကို ထပ်မံပူးကပ်လိုက်ရာ၊ ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါသည် နောက်ထပ် ပြောင်းလဲခြင်း တစ်ရပ်အား ထုတ်ဖော်ခဲ့သည်။

ကောင်းကင်နှင့် မြေကြီးတို့၏ ပြောင်းလဲခြင်းနှင့်၊ ရှင်ခြင်းနှင့် သေခြင်းတို့၏ ပြောင်းလဲခြင်းတို့သည်၊ ဤအချိန်တွင် တပြိုက်နက် ပေါ်လာကြ၏။ သူတို့သည် ဆုံဆည်းပေါင်းစပ်သွားကြ၍၊ ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ၏ စွမ်းအားကို နောက်တစ်ဆင့် မြှင့်ပေးလိုက်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now