အပိုင်း ၅၇၉ : ကြမ္မာပန်းတိုင် တိုက်ပွဲ!

308 37 0
                                    

စာစဥ် ၃၁ : အပိုင်း ၉

အပိုင်း ၅၇၉ : ကြမ္မာပန်းတိုင် တိုက်ပွဲ!

ရှီထျန်းဟောင်သည် တည်ငြိမ်စွာနှင့်ပင် သူ၏နေရာ၌ ရပ်နေခဲ့သည်။ သူ၏ ပုံစံမှာ ယခင်က ပုံစံနှင့် လုံးဝကွဲပြားခြားနားနေခဲ့သည်။

သူသည် အစောပိုင်းမှ ကြောက်မက်ဖွယ်ရာ ပုံစံတို့အား မဖော်ပြခဲ့ပေ။ ရှီထျန်းဟောင်သည် မဟာပဏ္ဍိတ၏ အရေပြားနှင့် ပြည့်စုံစွာ ပေါင်းစပ်သွားအပြီးတွင် ကောင်းကင်လှုပ်ခါ မိုးကြိုးမုန်တိုင်းနှင့် သူ၏အခြားသော တိုက်ခိုက်မှုများကို သူ၏ ရုပ်ခန္ဓာကိုယ် အတွင်းတွင် ထည့်သွင်းထားခဲ့၏။ သူသည် မိုးကြိုးမုန်တိုင်း ကိုယ်ပွားနှင့် ရွှေရောင် မဟာသားရဲ ပုံစံတို့အား မဖော်ပြခဲ့ပေ။

သူ၏အစောပိုင်းမှ ပုံသဏ္ဌာန်သည် ကျင့်ကြံမှု ပုံသဏ္ဌာန်သာဖြစ်၍ တိုက်ခိုက်မှု ပုံသဏ္ဌာန် မဟုတ်ခဲ့ပေ။

ယခုအချိန်တွင် ရှီထျန်းဟောင်၏ နဂိုမူလ အဖြူရောင်ကျောက်စိမ်း အသွင်သဏ္ဌာန်သည် ရွှေရောင်အလင်းတန်း မှိန်မှိန်လေးဖြင့် တောက်ပလာခဲ့သည်။ သူ၏ အရေပြား အတွင်းတွင် ခရမ်းစိမ်းရောင် အလင်းတန်းသည် အဆက်မပြတ် လင်းလက်လာခဲ့၏။

သို့သော်လည်း သူ၏ ခန္ဓာကိုယ်သည် မပြောင်းလဲခဲ့ပေ။ သူသည် အရပ်ရှည်ရှည်နှင့် လူငယ်လေး တစ်ယောက်သာ ဖြစ်နေသေး၏။

သို့သော်လည်း သူ၏ ပူပြင်းတောက်ပနေသည့် ခန္ဓာကိုယ် အတွင်းမှနေ၍ အသက်စွမ်းအင်များနှင့် ခွန်အားများသည် အဆက်မပြတ် ပေါက်ကွဲနေသော မီးတောင်ရှင်တစ်ခုအလား ဖြစ်နေခဲ့၏။ ထိုကဲ့သို့သော စွမ်းအားများသည် အင်မော်တယ်ဝိညာဥ် အဆင့်အောက်မှ ကျင့်ကြံသူများအား စိုးရိမ်ထိတ်လန့်စေခဲ့သည်။

သူ၏ ရုပ်ခန္ဓာကိုယ် စွမ်းအားများသည် သူတို့၏ စကြာဝဠာ ပုံသဏ္ဌာန်များကို ရုပ်ကိုယ်ခန္ဓာ အတွင်းသို့ ပေါင်းစပ်ထားသည့် အခြေတည် ဝိညာဥ် နောက်ဆုံး အဆင့်မှ ကျင့်ကြံသူများထက် သာလွန်နေခဲ့သည်။

သူတို့၏ အရှေ့မှ ရှီထျန်းဟောင်အား ကြည့်လိုက်ကာ သူတို့သည် အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now