အပိုင်း ၄၀၅ - ၄၀၆

393 42 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဉ် ၂၂ : အပိုင်း ၁၅

အပိုင်း ၄၀၅ : သင်၏ ကြွားဝါးခြင်းများအား ဖျက်ဆီးနိုင်သော စကားတစ်ခွန်း

သာမန် ကျင့်ကြံသူများ အနေဖြင့် အင်မော်တယ်ဝိညာဉ် အဆင့်သို့ တက်လှမ်းနိုင်သည့် အချိန်တွင်၊ သူတို့၏ အခြေတည် ဝိညာဉ်နှင့် စကြာဝဠာ ပုံသဏ္ဌာန်တို့အား ပေါင်းစပ်ကြရမည် ဖြစ်သည်။ အခြေတည် ဝိညာဉ်အား အခြေခံအဖြစ်ထား၍ စကြာဝဠာ ပုံသဏ္ဌာန်အား ပေါင်းစည်းကာ၊ မဟာတာအို ဝါဒ၏ စွမ်းအားများဖြင့် အင်မော်တယ် ဝိညာဉ် ကိုယ်ပွားအား ဖန်ဆင်းနိုင်မည်ဖြစ်သည်။

အင်မော်တယ် ဝိညာဉ် ကိုယ်ပွားအား ဖန်တီးပြီးသော ကျင့်ကြံသူများသည်၊ သူ/သူမတို့၏ ရုပ်ခန္ဓာကိုယ်အား အရေးစိုက်တော့မည် မဟုတ်ချေ။ အင်မော်တယ် ဝိညာဉ် ကိုယ်ပွား ဖန်ဆင်းအပြီးတွင်၊ သူတို့၏ စိတ်အခြေအနေနှင့် ဝိညာဉ်တို့သည် ယခင်ကနှင့် များစွာကွာခြား သွားခဲ့ပြီဖြစ်သည်။ ဝိညာဉ်နှင့် အဆီအနှစ်များ ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သဖြင့်၊ ရုပ်ခန္ဓာကိုယ် အခွံသည် အရေးမကြီးတော့ပေ။ အင်မော်တယ်ဝိညာဉ် အဆင့်သို တက်လှမ်းပြီးသွားသောသူသည်၊ နယ်နိမိတ် အားလုံးအား ဖြတ်ကျော်ကာ ကမ္ဘာအတွင်းတွင် စိတ်ကြိုက်သွားလာနိုင်တော့မည် ဖြစ်သည်။

သို့သော်လည်း လက်ဝဲမင်းသားရှန်နှင့် သူ၏အရှေ့မှ ဇူဟုန်ဝူတို့သည်၊ ရုပ်ခန္ဓာကိုယ် စွမ်းအားသက်သက်ဖြင့် အင်မော်တယ်ဝိညာဉ် အဆင့်သို့ ရောက်ရှိနိုင်ကြသူများ ဖြစ်ကြသည်။ သူတို့၏ ရုပ်ခန္ဓာကိုယ်သည် မဟာကပ်ဘေးများကို ကျော်ဖြတ်နိုင်ခဲ့၍၊ တိုင်းတာ၍မရနိုင်သော အင်အားများကို ပိုင်ဆိုင်ထားနိုင်ကြသည်။ အခြေတည် ဝိညာဉ် နောက်ဆုံး အဆင့်တွင်၊ စကြာဝဠာ ပုံသဏ္ဌာန်အား ဖန်ဆင်းနိုင်သည့် အချိန်တွင်ပင် ဤမျှ အစွမ်းမထက်သေးပေ။

ရုပ်ခန္ဓာကိုယ် စွမ်းအင်အား လေ့ကျင့်ကြသူတို့သည် အခြေတည် ဝိညာဉ် နောက်ဆုံး အဆင့်တွင်၊ စကြာဝဠာ ပုံသဏ္ဌာန်၏ စွမ်းအားများကို သူတို့၏ ကိုယ်ပိုင် ခန္ဓာကိုယ်နှင့် ပေါင်းစည်းကြခြင်း ဖြစ်သည်။ စကြာဝဠာ ပုံသဏ္ဌာန်၏ စွမ်းအားများဖြင့် သူတို့၏ ရုပ်ခန္ဓာကိုယ်မှ အဆီအနှစ်များကို သန့်စင်ခဲ့ခြင်း ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now