အပိုင်း ၅၀၇ - ၅၀၈ - ၅၀၉

385 44 2
                                    

စာစဥ် ၂၇ : အပိုင်း ၁၇

အပိုင်း ၅၀၇ : နှစ်ဦးနှစ်ဘက်စလုံးတို့တွင် ယုံကြည်ချက်များ ရှိနေကြသည်

အလင်းတန်း နှစ်စက်တို့သည် ရှကျိုးမြို့မှ ပျံတက်လာကြသည်။ သူတို့အား ရွှေရောင် အလင်းတန်းများဖြင့် ဝန်းရံထားကြပြီး၊ အားကောင်းသော မိစ္ဆာစွမ်းအင်များကို ထုတ်လွှတ်နေကြသည်။

သို့သော်လည်း ထိုမိစ္ဆာအော်ရာများသည် ကြမ်းတမ်းခက်ထန်ခြင်း မရှိကြပေ။ ထို့အစား သူတို့သည် သန့်စင်၍ ထူးခြားလှသည်။ သို့သော်လည်း တစ်ချိန်တည်းတွင်ပင် သွေးနားထင်ရောက်နေသည်ဟုလည်း ထင်နေရ၏။

ထိုအလင်းတန်းနှစ်စက်သည် လင်းဖုန်း၏ ခရမ်းရောင် တိမ်တိုက်တံတားအပေါ်သို့ ရောက်ရှိလာကြသည်။ ခရမ်းရောင် တိမ်တိုက်များက ထိုးတက်လာကြ၍ ယုကျင်းတောင်ပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

လင်းဖုန်းသည် သူ၏အရှေ့မှ အလင်းတန်းပုံရိပ် နှစ်ခုတို့အား ကြည့်လိုက်သည်။ အလင်းတန်း ပုံရိပ်များ၏ ပြောင်းလဲသွားခြင်းနှင့် အတူ၊ လင်းဖုန်းသည် မိစ္ဆာဖီးနစ် နှစ်ကောင်တို့သည် လူသားပုံစံအဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့သည်ကို တွေ့လိုက်ရသည်။

ရွှေရောင်အလင်းတန်းများ ကွယ်ပျောက်သွားသောအခါ၊ လင်းဖုန်း၏ အရှေ့တွင် လူသားပုံရိပ် နှစ်ခုတို့က ပေါ်လာခဲ့သည်။ တစ်ဦးမှာ ယော်ကျားဖြစ်၍ ကျန်တစ်ဦးမှာ မိန်းမဖြစ်၏။ အမျိုးသားသည် အသက်လေးဆယ်အရွယ် သက်လတ်ပိုင်း လူကြီးတစ်ခု အသွင်ဖြစ်သည်။ သူသည် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် ကြက်သွေးရောင် ဝတ်စုံအား ဝတ်ဆင်ထားသည်။ သူ၏ ဆံပင်ရှည်များကို မစည်းထားပဲ သူ၏ပုခုံးပေါ်တွင် ကျနေခဲ့သည်။ သူအား ကြည့်ရသည်မှာ ရိုးရှင်းသောလည်း၊ သူ၏ အမူအရာသည် တည်ကြည်ခန့်ညားလှ၏။

သူ၏ဘေးတွင် အနက်ရောင် ဝတ်စုံနှင့် ကောင်မလေးတစ်ယောက် ဖြစ်သည်။ သူမသည် ၁၃နှစ်၊ ၁၄နှစ်လောက်သာ ရှိသေးသည်ဟု ထင်နေရ၏။ သူမသည် ချောမောလှပ၍ သန့်စင်လှသည်။

သူတို့နှစ်ယောက်၏ ထူးခြားချက်မှာ သူတို့၏ အကြည့်များသည် လွန်စွာကြည်လင်လှ၏။ သူတို့သည် လင်းဖုန်းအား ကြည့်လိုက်သောအခါ ဗိုလ်ကျကြီးစိုးလိုသော အရိပ်အယောင်များ မရှိပဲ၊ ယဥ်ကျေးပျူငှာကြသည်။ သို့သော်လည်း အကွာအဝေးများကို ခွာထားကြ၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now