အပိုင်း ၃၇၅ - ၃၇၆

393 47 2
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၁ : အပိုင်း ၅

အပိုင်း ၃၇၅ : တာဝန်မဲ့သော ကလေးနှစ်သက်သူ

လင်းဖုန်းသည် သူ၏ သဘာဝလွန် အသိစိတ်ကို အသုံးပြု၍ ဘေးပတ်ဝန်းကျင်အား ရှာဖွေနေခဲ့ရာ၊ အနီရောင် ဝတ်စုံနှင့် ကောင်မလေး တစ်ယောက်သည် အပြင်းအထန် ဒဏ်ရာရထားခဲ့သည်ကို တွေ့လိုက်ရ၏။

သူသည် ထိုကောင်မလေးက လော်ချင်းဝူ ဖြစ်မှန်းကို သိလိုက်ရ၏။ လင်းဖုန်းသည် သူမ၏ ခန္ဓာကိုယ် အတွင်းတွင် ကောင်းကင်ယင် စိတ်ဝိညာဥ် ပုလဲအား အာရုံခံနိုင်ခဲ့သည်။

ပြီးတော့ ထိုပုလဲသည် ကွဲကြေလုနီးနီး ဖြစ်နေခဲ့၍၊ လင်းဖုန်းအား စိုးရိမ်ပူပန်စေခဲ့သည်။ ပုလဲ၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများနှင့် ပြည့်နေ၍၊ အရောင်မှာ အတန်ပင် မှေးမှိန်နေခဲ့သည်။ သူ၏ အတွင်းမှ ရွှမ်းယင်စိတ်ဝိညာဥ် စွမ်းအင်များကလည်း လွင့်ပြယ်လုနီးပါး ဖြစ်နေခဲ့၏။

ထို့အပြင် ပျက်စီးလုနီးပါး ဖြစ်နေခဲ့သော ပုလဲကြောင့်၊ လော်ချင်းဝူ၏ မှော်စွမ်းအင် များသည်လည်း တဖြည်းဖြည်း ယိုစိမ့်နေခဲ့သည်။

"ကြည့်ရတာ ဒီကောင်းကင်ယင် စိတ်ဝိညာဥ် ပုလဲရဲ့ အစွမ်းကြောင့်နဲ့တူတယ်။ ဒါက သူမကို ယန်ရှုရဲ့ စွမ်းအင်တွေကို ခုခံဖို့ အကူအညီ ပေးထားတာ၊ မဟုတ်လို့ရှိရင် သူမက ဒီအချိန်မှာဆိုရင် သေနေလောက်ပြီ" လင်းဖုန်းသည် သက်ပြင်းတစ်ချက် ချလိုက်ကာ၊ သူ၏ စွမ်းရည်စိစစ်သော ကိရိယာကို ထုတ်ယူလိုက်၍၊ လော်ချင်းဝူ၏ အချက်အလက် လေးမျိုးအား စစ်ဆေးလိုက်သည်။

"အရိုးအရင်းမြစ် - ၉၊ သဘောပေါက် နားလည်နိုင်စွမ်း - ၈၊ စိတ်စွမ်းအား - ၇၊ ကောင်းချီးမင်္ဂလာ - ၆"

လင်းဖုန်းသည် သူ၏ခေါင်းအား ညိတ်လိုက်သည်။ "ထင်ထားတဲ့ အတိုင်းပဲ၊ စုစုပေါင်း ၃၀ရှိတယ်။ တကယ်လို့ သူမက ကပ်ဆိုးဘေးဆိုးနဲ့ မတွေ့ရဘူးဆိုရင်၊ သူမက တော်တော် ထူးချွန်ပြောင်မြောက်တဲ့သူ ဖြစ်လာမှာပဲ။ စိတ်မကောင်းစရာ ကောင်းတာက၊ အသက်ရှင်နေတဲ့ ပါရမီရှင် တစ်ယောက်ကသာ သူ့ရဲ့ အလားအလာတွေကို အသုံးချနိုင်ပြီး၊ တကယ့်စွမ်းအားရှင်တစ်ယောက် ဖြစ်လာနိုင်မှာ ဖြစ်တယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now