အပိုင်း ၅၉၀ : လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း

369 41 0
                                    

စာစဥ် ၃၁ : အပိုင်း ၂၀

အပိုင်း ၅၉၀ : လင်းဖုန်း၏ မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်း

အဖြူရောင် ဓားအော်ရာ တစ်တန်းသည် ကြယ်စင်မြစ်များကို ဖြတ်သန်းလာခဲ့ကာ လင်းဖုန်းအား တိုက်ခိုက်လိုက်၏။

ဒါသည် စူတောင်ဓားဂိုဏ်း၏ ဂိုဏ်းကို ထောက်ပံနိုင်သော ရတနာ၊ မူလကောင်းကင် ကမ္ဘာ၏ အစွမ်းအထက်ဆုံး ဓားပညာရပ်၊ သူတော်စင် ကောင်းကင်ဓားချီပင် ဖြစ်၏။

လင်းဖုန်း၏ အကြည့်သည် လင်းလက်သွားခဲ့ကာ သူ၏ညာလက်ဖြင့် မှော်ကျိန်စာ တစ်ခုအား ဖန်ဆင်းလိုက်သည်။ သူသည် သူတော်စင် ကောင်းကင်ဓားချီထံသို့ လက်ညွှန်လိုက်ရာ မီးခိုးရောင် ဓားချီတစ်ခုက သူ့အား ပြန်လည်တိုက်ခိုက်လိုက်သည်။ ဒါသည် ကောင်းကင်ဖျက်ဆီး ဓားချီ ဖြစ်သည်။

မီးခိုးရောင်နှင့် အဖြူရောင် ဓားအော်ရာတို့သည် ထိပ်တိုက်တွေ့ဆုံသွားကြ၏။ ကြောက်မက်ဖွယ်ရာ တုံ့ပြန်မှုများ မပေါ်ပေါက်လာခဲ့သော်လည်း ဟင်းလင်းပြင် လေဟာနယ် အတွင်းမှ ထိပ်တိုက်တွေ့ခဲ့သော နေရာသည် တွန့်လိမ်သွားခဲ့ကာ ဝဲကတော့ တစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့သည်။

ထိုဝဲကတော့သည် အဆက်မပြတ် လည်ပတ်နေကာ ဘေးမှအရာ အားလုံးတို့အား ဝါးမျိုနိုင်ခဲ့၏။ အရွယ်အစား သေးငယ်သော ကြယ်များပင် အတွင်းသို့ ဆွဲသွင်းခြင်းကို ခံခဲ့ရ၏။

ထိုဝဲကတော့သည် ပတ်ဝန်းကျင်မှ လေဟာနယ် ဟင်းလင်းပြင်တို့ လက်မခံနိုင်တော့သည်အထိ ကျယ်ပြန့်လာခဲ့သည်။ ဝဲကတော့သည် ပေါက်ကွဲသွားခဲ့ကာ ဓားအလင်းတန်းများသည် ဥက္ကာပျံများကဲ့သို့ နေရာအနှံ့ လွင့်ပျံသွားကြသည်။ သူသည် စကြာဝဠာ တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။

လင်းဖုန်းသည် ဓားချက်တစ်ချက်ဖြင့် ပြန်လည်တုံ့ပြန်ခဲ့သော်လည်း နောက်ထပ် ဂရုထပ်မစိုက်နေတော့ချေ။ သူ၏ခေါင်းကို ပြင်းထန်စွာနှင့် လှည့်လိုက်ကာ ယုကျင်းတောင်အား ဝါးမျိုခါနီး ဖြစ်နေသော ဟင်းလင်းပြင် ယင်ယန်နာရီအား ကြည့်လိုက်သည်။

"အဆုံးမဲ့ လေဟာနယ်တွေရဲ့ လျှို့ဝှက်ဆန်းကြယ်မှုနဲ့ ယင်နဲ့ယန်တို့ရဲ့ ပြောင်းလဲမှုတွေက တကယ့်ကို ထူးချွန်ပြောင်မြောက်လှပါတယ်" လင်းဖုန်းက ပြောလိုက်သည်။ "ဒါပေမဲ့ ငါ့အပေါ်မှတော့ ဘာမှအသုံးမဝင်ဘူး"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now