Chapter 1

62.3K 5.1K 629
                                    

Unicode

ကျပန်းကူးပြောင်းလာပြီး ဖောက်ပြန်နေတာကိုသွားဖမ်းရအောင်

__________________________________

WTF!!!!!

ယန်ချင်းချီ သူ့ရှေ့တွင်ဖြစ်ပျက်နေသောအခြေအနေများကို နားမလည်နိုင်သောကြောင့် စိတ်ရှုပ်ထွေးနေလေသည်။ သူ့ဘေးရှိ အေးဂျင့်က သူ့ကိုလေပြေလေးနှင့် ဖျောင်းဖျနေသံကိုကြားလိုက်ရသည်။

'' သုန်မှုန်မနေစမ်းပါနဲ့။ ကျူးလီကအခု သူဌေးရဲ့ကစားစရာအသစ်ကလေးလေ။ သူ့ဆီကနေဖြတ်လုခံရတာထူးဆန်းမနေတော့ဘူး။ ကသိကအောက်ဖြစ်မနေနဲ့။ အကောင်းမြင်စမ်းပါ ''

ယန်ချင်းချီခေါင်းငြိမ့်ပြလိုက်ကာ သူ့ခေါင်းထဲရှိ အချက်အလက်များကို ဆက်၍ စီရီနေလိုက်သည်။

အေးဂျင့်က သူစိတ်မကြည်မလင်ဖြစ်နေပေမဲ့ အလွန်အကျွံကြီးတုံ့ပြန်တာကိုမတွေ့တာကြောင့် စိတ်အေးသွားရကာ ပုခုံးကိုပုတ်လိုက်ပြီး

'' ဒါဆိုလည်း ငါအရင်ပြန်နှင့်မယ်။ မင်းဘာသာမင်းပဲ ပြန်လိုက်တော့ ''

ယန်ချင်းချီ စိတ်မပါစွာဖြင့် ခေါင်းငြိမ့်လိုက်မိသည်။

သူအခုလိုပုံစံဖြင့်နေ,နေလိုက်သည်မှာ မီးနီတုန်းဖြတ်မိရင်း ကားသမားဆီမှ လှမ်းအအော်ခံရသည့်အချိန်ထိပင်။ အဲ့အချိန်မှ ယန်ချင်းချီ၏ စိတ်များ ယခုလက်ရှိအချိန်သို့ ပြန်လည်ရောက်ရှိလာခဲ့လေသည်။ သူ ဒီမရင်းနှီးသော ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုလိုက်မိသည်။ ဆိုတော့ သူကအခု မတူညီတဲ့ကမ္ဘာတစ်ခုကိုကူးပြောင်းခံလိုက်ရတာလား။

မဟုတ်ဘူး။ ပိုပြီးတိတိကျကျပြောရပါက သူ ဝတ္ထုတစ်ပုဒ်ထဲကူးပြောင်းခံလိုက်ရတာ။ ကူးပြောင်းခံလိုက်ရတာမှ သောက်ရမ်းကိုပုပ်သိုးဆွေးမြေ့နေတဲ့ Fujoshiတွေအကြိုက် Danmei ဝတ္ထုကြီး။ ယန်ချင်းချီ စိတ်မောစွာဖြင့် လမ်းဘေးကခုံတစ်ခုံမှာ ဝင်ထိုင်လိုက်ပြီး သူ့တွင်ရှိနေသည့် အချက်အလက်များကို တိတ်တိတ်ဆိတ်ဆိတ်လေး စီရီတွေးတောနေလိုက်သည်။ သူလက်ခံရရှိထားသည့်အချက်အလက်တွေသာမှန်ကန်နေခဲ့မယ်ဆိုရင် သူလက်ရှိ ဖတ်မပြီးခဲ့တဲ့ danmei ဝတ္ထုထဲက အမြောက်စာအရံဇာတ်ကောင်လေးရဲ့ ခန္ဓာကိုယ်ထဲ ကျပန်းအကူးပြောင်းခံလိုက်ရတာ။ ဒီအမြောက်စာ အရံဇာတ်ကောင်လေးကလည်း သူနှင့်နာမည်လာတူနေသည်။အမည်က ယန်ချင်းချီပင်။ သို့သော်ငြားလည်း အကျင့်စရိုက်များမှာကွဲပြားကာ ထိုကောင်လေးက ကံပိုဆိုးလှသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now