Chapter 58

26K 3.5K 226
                                    

Unicode

ယန်းချင်းချီ တံဆိပ်ပြားတွေကို ဆက်တိုက်လိုက်ဖြုတ်ပစ်တယ်
__________________________________

ယန်းချင်းချီထွက်သွားပြီးနောက် တိုက်ဟုန်းကျိုလည်း အသိပြန်ဝင်လာကာ သူ့လက်ကောက်ဝတ်မှာ တံဆိပ်ပြားပြန်ချည်လိုက်သည်။ သူတခြားအခန်းကိုသွားဖို့ပြင်လိုက်စဥ် ကျူးလီကလှမ်းခေါ်လေသည်။  သူလက်ဝှေ့ယမ်းပြလိုက်ကာ နေရာခွဲရှာကြမည်ဖြစ်ကြောင်း ပြောလိုက်သည်။

တခြားတဖက်ကို ခေါင်းလှည့်လိုက်တာနဲ့ တိုက်ဟုန်းကျိုအမူအရာမှာ အေးစက်သွားတော့သည်။ သူ ကျူးလီလဲကျသွားတာကိုပဲ မြင်လိုက်ရတော့ ယန်းချင်းချီတွန်းချလိုက်တာဟု တကယ်ထင်သွားခဲ့သည်။ သူ့စိတ်ထဲ ဒီလူသစ်လေးက Showကို ရုတ်တရက်ကြီးလာJoinပြီး စီနီယာတွေအပေါ်မှာလည်း လေးစားမှုမရှိ ပမာမခန့်လာလုပ်နေသည်ဟု ထင်လိုက်တာဖြစ်သည်။ ကင်မရာတွေ ဒီလောက်နောက်ကလိုက်နေတာတောင် နာမည်ကြီးဖို့အတွက်နဲ့များ စီနီယာကိုတွန်းချရဲတယ်?

သို့သော် ယန်းချင်းချီက ကျူးလီတံဆိပ်ပြားနဲ့ သူ့တံဆိပ်ပြားကို အလွယ်လေး တစ်ခုပြီးတစ်ခုဖြုတ်ပြသွားတာကို တွေ့လိုက်ရတော့ သူ့စိတ်က ယန်းချင်းချီဘက် ပိုအလေးသာသွားသည်။

သူလည်းအရူးမဟုတ်သလို ယန်းချင်းချီကလည်း အ,အမဟုတ်ပါ။ တဖက်လူမှာ ဒီလိုအစွမ်းအစကြီးရှိရက်သားနဲ့ ကျူးလီကိုတမင်တွန်းချပြီး တံဆိပ်ပြားလုယူမယ်တဲ့လား။ ခန္ဓာကိုယ်လှုပ်ရှားမှုက ဒီလောက်လျင်မြန်ဖျက်လတ်နေတာတောင် TVပေါ်ကပရိသတ်တွေကို ဆွဲဆောင်ဖို့ မလုံလောက်သေးဘူးထင်လို့ တဖက်သားကိုတွန်းချပြီး attention ယူမယ်တဲ့လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ Variety Showက မသေမျိုးရှစ်ယောက် ပင်လယ်ဖြတ်ကြသလိုပဲ* ဘယ်သူပိုစွမ်းလဲ အမိအရရိုက်နေကြတာ။ ဒီလိုအစွမ်းအစမျိုး အခုအချိန်မှမထုတ်ပြရင် ဘယ်အချိန်ထုတ်ပြဖို့ စီစဥ်ထားတာလဲ။

(T/N: အပြိုင်အဆိုင်)

ထို့ကြောင့် ယန်းချင်းချီက ပြဿနာမဟုတ်ခဲ့လျှင် ကျူးလီကိုယ်တိုင်ကိုက ပြဿနာသယ်လာတဲ့လူဖြစ်ရမည်။ ကျူးလီက တော်တော်လေးရယ်စရာကောင်းသည့် လူပြက်တစ်ယောက်ဟု တိုက်ဟုန်းကျိုခံစားလိုက်ရသည်။ ယန်းချင်းချီကဖြင့် ပထမတစ်ပိုင်းပဲ စရိုက်ရသေးသည်။ သူ့မှာပညာပြဖို့မစောင့်နိုင်တော့ပေ။ ဘာလို့ စိတ်အရှုပ်ခံနေရသလဲ။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now