Chapter 146

21.6K 3.3K 150
                                    

Unicode

မော့ကျန့်ယင်းရဲ့ Weiboပေါ်က စိန်ခေါ်မှု၊ အင်တာနက်သုံးသူတွေ မော့ကျန့်ယင်းဘက် တန်းစီကုန်ကြပြီ
_________________________________

တစ်လအကြာမှာ ယန်းချင်းချီ သူ့မွေးစာအဖေကိုပြန်တွေ့ခဲ့သည်။ အမှန်အတိုင်းပြောရလျှင် ဂေဟာမှူးမားမားဆီကနေ အရေးကြီးတဲ့ဧည့်သည်ဟု နာမည်အတပ်ခံထားရသော ထိုလူကြီးကို ယန်းချင်းချီက မေ့တောင်မေ့နေပြီဖြစ်သည်။

သူမော့ကြည့်လိုက်တော့ လှပသည့်မျက်နှာနှင့် သိမ်မွေ့သည့်လေထုပိုင်ဆိုင်ထားသော အန်တီချောချောတစ်ယောက်ကလည်း ထိုလူကြီးဘေးမှာ ရပ်နေသည်။

သူ ထိုလူကြီးဆီကနေ ဆွဲဆောင်မှုရှိသည့် အနိမ့်သံခပ်တိုးတိုးကိုကြားလိုက်ရသည်။ အရင်တစ်ခေါက်က အတက်အကျမရှိသည့် ထူးမခြားနားအသံနှင့်ကွာခြားစွာ အင်မတန်မှနူးညံ့ကြင်နာသည့်လေသံဖြင့် သူ့ကိုပြောလာသည်။

''ဒီနေ့ကစပြီး ငါကမင်းရဲ့အဖေပဲ သူကမင်းရဲ့မားမား မင်းနာမည်က ရှောင်လင်မဟုတ်တော့ဘူး ယန်းချင်းချီဖြစ်သွားပြီ ''

ထိုသို့မွေးစားခံလိုက်ရတာကြောင့် ယန်းချင်းချီ မိဘမဲ့ဂေဟာကနေထွက်လာနိုင်ခဲ့သည်။ သူထွက်သွားမည့်နေ့မှာပဲ အငယ်တန်းက တိတိ၊မေ့မေ့လေးတွေအားလုံးလိုက်ပို့ကြကာ ငိုယိုရင်း သူတို့ကိုမကြာမကြာလာတွေ့ဖို့ ကတိတောင်းခံခဲ့သည်။

ယန်းချင်းချီ ခေါင်းငြိမ့်ကတိပေးလိုက်ကာ သူစုထားသည့် မုန့်ထုပ်တွေနဲ့ အရုပ်တွေအားလုံးကို ပေးပစ်လိုက်သည်။

သူ့သူငယ်ချင်းနှစ်ယောက်ကလည်း နောက်ဆုံးအကြိမ်လာတောင်းပန်ကြသော်ငြား သူကလက်မခံသည့်အပြင် နှစ်ယောက်လုံးကို စိတ်ဆိုးတကြီးကြည့်ရင်း '' လားလားလားလား '' ဟု ပြောပစ်လိုက်ပြီးနောက် သူ့မွေးစားအဖေကားပေါ်ကိုတက်သွားခဲ့သည်။

နောက်ပိုင်း သူအရွယ်ရောက်လာမှ မိဘမဲ့ဂေဟာမှာ သူကပစ္စည်းခိုးတတ်တယ်ဆိုသည့် သတင်းတွေပြန့်နေတာကို မသိဘူးလားဟု မွေးစားအဖေကိုမေးခဲ့သည်။

သူ့မွေးစားအဖေက ပြုံးပြကာ

''ကြားခဲ့တယ် ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now