Chapter 11

33.6K 4.1K 552
                                    

Unicode

မြို့စွန်အထိသွားကြမယ်
__________________________________

နှစ်ယောက်သား အိမ်ပြန်ရောက်တော့ ချီချီ ပဟေဠိဖြေရှင်းနေသည်အား ခဏလောက် အဖော်လုပ်ပေးနေလိုက်သည်။ ချီချီအိပ်ချင်လာသည့်အခါမှာတော့ ချီချီကို မျက်နှာသစ်ပေး သွားကူတိုက်ပေးကာ အိပ်ယာဝင်ဖို့ ချော့သိပ်လိုက်ကြသည်။ ထို့နောက် ပုလင်းကိုယ်စီဆွဲကာ အရက်စသောက်ကြလေသည်။

သူတို့ သူတို့အခန်းထဲရှိ ကော်ဖီစားပွဲလေးတွင်ထိုင်ကာ သောက်ဖို့ပြင်လိုက်သည်။ ယန်ချင်းချီက ဒီတိုင်းသောက်ရင် ပျင်းစရာကောင်းသည်ဟု အဆိုပြုလိုက်တာကြောင့် game ကစားရင်းသောက်ဖို့ အကြောင်းဖန်လာခဲ့သည်။ ကျန်းမော့ချန်ကလည်း သူပြောသည်ကိုသဘောတူကာ ဖဲတစ်ထုပ်ယူပြီး poker ဆော့လိုက် သောက်လိုက်လုပ်နေကြသည်။

ယန်ချင်းချီကတော့ အရက်လေးသောက်လိုက် စကားလေးပြောလိုက် ကဒ်လေးဆော့လိုက်လုပ်နေပေမဲ့ ကျန်းမော့ချန်ကတော့ အစပိုင်းမှာ တုံဏှိဘာဝေနေကာ ဒီဝိုင်းအပေါ် သိပ်စိတ်ဝင်စားမှုမရှိ။ သို့သော်ငြား အရက်ကလေး များများစားဝင်လာအပြီးမှာတော့ ချုပ်တည်းမနေတော့ပဲ သူကိုယ်သူဖြေလျှော့လာတော့သည်။

အဆုံးမှာတော့ ကဒ်ဆော့ဖို့တောင် သိပ်စိတ်မဝင်စားကြတော့ပဲ ခုံတွင်မှီကာ အရက်သောက်ရင်း စိတ်ထဲရှိ မကျေနပ်ချက်များထုတ်ပြောလာကြသည်အထိ ပွင့်လင်းလာတော့သည်။

ကျန်းမော့ချန် နားမလည်နိုင်စွာဖြင့် ပြောလာသည်။
''မင်းပြောကြည့် ငါ့ကိုသရဲတစ်ကောင်ကောင်ဝင်ပူးသွားတာလား မဟုတ်ရင် ငါဘာလို့ အဲ့လို့လူမျိုးကို အကျိုးမမျှော်ကိုးပဲ ကြိုက်နိုင်ရမှာလဲ ''

ကျန်းမော့ချန် ဆိုလိုချင်သည့်သူက ကြာပန်းဖြူဆိုတာကို ယန်ချင်းချီနားလည်လိုက်တာကြောင့်
''အင်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ''
ဟုသာ ပြန်ဖြေနိုင်သည်။

ကျန်းမော့ချန် ခဏလောက်တိတ်သွားကာ ရုတ်တရက် ခေါင်းကြီးလှည့်ပြီး မေးလာသည်။

''မင်း အရင်က တယောက်ယောက်ကို ကြိုက်ဖူးလား ''

''မကြိုက်ဖူးဘူး '' ယန်ချင်းချီက အကျင့်ပါနေသလို ငြင်းလိုက်သည်။ ထိုအခါ ကျန်းမော့ချန် ဟွန့်ခနဲ နှာမှုတ်ကာ ''မဖြစ်နိုင်တာ! မင်းကောင်လေးနဲ့မင်း မကြာသေးခင်ကမှ ပြတ်သွားတာကို ငါသိပြီးသား ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now