Chapter 93

27.8K 3.9K 258
                                    

Unicode

မိသားစုသုံးယောက်ပြန်စုံကြပြီ
__________________________________

ကျန်းချန်က ထိုနှစ်ယောက်၏ ကလေးကလားကစားပွဲအား စိတ်မဝင်စားသဖြင့် သူ့အိမ်တော်သခင်လေးကို အလုပ်အကြောင်းသာ ပြန်မေးနေလိုက်သည်။

''အဲ့တော့ ဒီဇိုင်းနာတွေအားလုံးပေါင်းလုပ်မဲ့ ညဖက်ရှင်ရှိုးပွဲကို တက်မှာလား မတက်ဘူးလား ''

ဝေ့လန်က လက်ခါရင်း ငြင်းပစ်လိုက်သည်။

''မတက်ဘူး လူတွေတရုန်းရုန်းနဲ့ဘာလုပ်မှာလဲ အိမ်ပြန်အိပ်နေတာမှ ကောင်းဦးမယ် ''

''ဒါဆို Golden Camel ဆုပေးပွဲရော? တက်မှာလား ''

''Golden Camelကတော့ တက်ရမယ် '' ဝေ့လန် ခဏလောက် စဥ်းစားနေလိုက်ကာ '' ယွီနန်ဖုန်းက အမျိုးသားဇာတ်ဆောင်ဆုကို ဇကာတင်ဝင်ထားတယ် ကျောက်ယိမင်က အမျိုးသားဇာတ်ပို့ဆုကို ဇကာတင်ဝင်ထားတယ် ဘယ်လိုပဲဖြစ်ဖြစ် ဆုရမယ် မရဘူး မသေချာပေမဲ့ ငါရိုက်ထားတဲ့ဇာတ်ကောင်နှစ်ခုလုံး ဇကာတင်ဝင်နေမှတော့ သေချာပေါက်တက်ရမှာပေါ့ အရင်ဆုံးအဲ့လိုပဲစီစဥ်ထားလိုက် နီးခါမှ တစ်ခေါက်ထပ်စဥ်းစားမယ် ''

''အင်း ''

နှစ်ကုန်ခါနီးလာပြီဆိုတော့ အနုပညာလောကကြီးက တဖန်ပြန်၍အသက်ဝင်လှုပ်ရှားလာသည်။ ဖက်ရှင်လောကကလည်း နှစ်ကုန်ဖက်ရှင်ပြိုင်ပွဲတွေ၊ပရဟိတအခမ်းအနားတွေစုကျင်းပကာ ရုပ်ရှင်လောကကလည်း နှစ်ကုန်ဆုပေးပွဲတွေ၊နှစ်ကူးအကြိုShowတွေ မြိုင်မြိုင်ဆိုင်ဆိုင်လုပ်ကြလေသည်။ 《 လာပါ၊သူငယ်ချင်း! တိုက်ခိုက်လိုက်ကြရအောင်! 》Variety Showကို နာနတ်သီး TV Station နဲ့ ပင်လယ်ဖျံ TV Stationတို့ကနေ ထုတ်လွှင့်တာကြောင့် ယန်းချင်းချီလည်း ထို TV Station နှစ်ခုနဲ့ပတ်သက်ပြီး ကြော်ငြာတွေရိုက်ပေးခဲ့ရသည်။ ထို့ကြောင့် ပင်လယ်ဖျံ TV Stationကနေ ဦးဆောင်ပြီးကျင်းပမည့် နှစ်ကုန်နှုတ်ဆက်ပွဲအခမ်းအနားနှင့် SEAL Fashionရှိုးပွဲကိုတက်ရောက်ဖို့ သူလည်းဖိတ်စာရထားလေသည်။

ယန်းချင်းချီ ကျန်းမော့ချန်ကို Wechatကနေ မေးလိုက်သည်။

[ ခင်ဗျား ဒီနှစ် SEAL Fashion ရှိုးပွဲတက်မှာလား ]

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now